မြိတ်မြို့ ကမ်းသာယာရွာ အစားထိုးအိမ်ယာရရှိထားသူများကို ကုမ္ပဏီမှ မြေဂရန်ရရှိအောင် ဆောင်ရွက်ပေးသွားမည်

မြိတ်မြို့ ကမ်းသာယာရွာ အစားထိုးအိမ်ယာရရှိထားသူများကို ကုမ္ပဏီမှ မြေဂရန်ရရှိအောင် ဆောင်ရွက်ပေးသွားမည်
 မြိတ်မြို့ရှိ  MFD ကုမ္ပဏီ၏ ကမ်းသာယာရွာ အစားထိုး အိမ်ယာ (၃၉)လုံးကိုတွေ့ရစဉ်။ ဓာတ်ပုံ- ဇော်နီ

မြိတ်၊ သြဂုတ်-၃ ။              ။ မြိတ်မြို့ ၊ ကလွင်ကျေးရွာအုပ်စု၊ ကမ်းသာယာရွာရှိ အစားထိုးအိမ်ယာရရှိထားသူများကို မြေဂရန်ရရှိ အောင်ဆောင်ရွက် ပေးသွားမည်ဖြစ်သည် အဆိုပါ အစားထိုးအိမ်ယာများတည်ဆောက်ပေးခဲ့သည့် မြိတ် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအ များနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MFD)ဥက္ကဌ ဦးဘုန်းဝင်းက သြဂုတ် (၂) ရက်တွင် ပြောသည်။

“အခုလတ်တလော တိုက်ကို ပေးထားပြီးပြီ။မြေပေးဖို့အတွက်က ကြိုးစားနေပါတယ်။ အဆင်သင့်မဖြစ် သေးတော့ လုပ် နေဆဲလို့ပဲပြောရမယ်။ ဒီအဆင့်က အစိုးရအဆင့်ဆင့် လုပ်ကိုင်နေတဲ့ အချိန်ပဲဖြစ်နေတယ်။ ဒါ ကြောင့် ဘယ်နေ့ရပါမယ် မပြောနိုင်သေးဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကမ်းသာယာရွာသည် မြိတ်မြို့ ယောကြီးမြစ်နံဘေးတွင်တည်ရှိပြီး  ၂၀၁၃ အောက်တိုဘာလ အတွင်းက အစား ထိုး အိမ်ယာအတွက် သဘောတူ လက်မှတ်ထိုးခဲ့ကြပြီး ပြီးခဲ့သည့် ၂၀၁၆ ဧပရယ် ၂၁ ရက်က ပြောင်းရွေ့နေထိုင်ခဲ့ကြ ခြင်းဖြစ်ကြောင်း သိရသည်။

ပြောင်းရွှေ့နေထိုင်မည့်သူများကို ခိုင်မာတိကျသည့် စာချုပ်စာတမ်းများတစ်ပါတည်း ပေးမည်ဟု ကုမ္ပဏီ တာဝန်ရှိသူက ပြောဆိုထားသော်လည်း ယနေ့အချိန်အထိ မြေဂရန်ကဲ့သို့သော စာချုပ်စာ တမ်းများ မရရှိသေးကြောင်း ဇူလိုင် (၂၈)ရက် တနသာၤရီတိုင်းဝန်ကြီးချုပ် ခရီးစဉ်၌ တိုင်ကြားခဲ့ကြခြင်း ဖြစ်သည်။

“ရွာက အိမ်တွေကို မိမိဘာသာမိမိ ဖယ်ရှားပြီးတော့ သူတို့ပေးတဲ့အိမ်ကို သွား နေပါဆိုပြီး ပြောပါ တယ်။ ဒါကတော့ ကောင်းပါတယ်။ ဒါပေမယ့်လို့ ဒီအိမ်ကိုသွားနေခိုင်းတဲ့အချိန်မှာ ကိုယ်မ ပိုင်သေးပါဘူး။ ပိုင်ဆိုင်မှုလည်းမပေးပါဘူး” ဟု တိုင်ကြားသူများက ဝန်ကြီးချုပ်အား တင်ပြခဲ့ခြင်း ဖြစ်သည်။

ကမ်းသာယာအစားထိုး အိမ်ယာရရှိထားသူများသည် ယခင်က မြိတ်မြို့ ယောကြီးမြစ်ကမ်းတွင် ငပိလုပ်ငန်း လုပ်ကိုင် ခဲ့ကြသူများဖြစ်ပြီး၊ ယခုလက်ရှိ အစားထိုးအိမ်ယာ၌ နေထိုင်သည့် အခါတွင်မူ အလုပ်အကိုင်အခွင့်အလမ်း ခက်ခဲသည့် အနေအထားဖြစ်လာသည်ဟု အစားထိုး အိမ်ယာရရှိထားသူတစ်ဦးက ဆိုသည်။

“ ကုမ္ပဏီနဲ့ စာချုပ်တုန်းက လုပ်ငန်းအတွက်လည်း နစ်နာကြေးကိစ္စပြောဆိုခဲ့တာရှိတယ်။ အခု မြစ်နဲ့ အလှမ်းဝေးတဲ့ အနေအထားဖြစ်နေပြီ။ အလုပ်အကိုင်အခွင့်အလမ်းလည်း ခက်ခဲလာတယ်။ ဒါကြောင့် ဒီကိစ္စကိုလည်း ဘယ်လိုလုပ်ပေးမယ်ဆိုတာသိချင်တယ်” ဟု ၎င်းက ဆိုသည်။

ကမ်းသာယာရွာတွင် ယခင်က အိမ်ခြေ(၅၃)လုံးနီးပါးရှိခဲ့ပြီး ငပိလုပ်ငန်းအနေဖြင့် လုပ်ငန်းရာသီကာလ၌ တစ်အိမ်ထောင်လျှင် အနည်းဆုံး ငပိပိသာ၁ချိန် (၅၀)မှ (၁၀၀)ကျော်ခန့်အထိ ရရှိဆောင်ရွက်နိုင်ကြောင်း သိရသည်။

MFD ကုမ္ပဏီအနေဖြင့် လက်ရှိ အိမ်မြေဂရန်ရရှိရန် ဆောင်ရွက်နေဆဲဖြစ်ပြီး အစားထိုးအိမ်ယာမြေများကို တစ်ပါးသူထံ ရောင်းချခြင်း၊ပေါင်နှံခြင်း၊လွှဲပြောင်းခြင်းများအား မြေဂရန်ရရှိပြီးမှသာဆောင် ရွက်ရမည်ဆိုသည့် အချက်ကို စာချုပ်ဆိုမှု တွင် ထည့်သွင်းဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly