ထူးအိမ်သင် သီချင်းပေါင်းချုပ်စာအုပ် ထွက်ရှိတော့မည်

ထူးအိမ်သင် သီချင်းပေါင်းချုပ်စာအုပ် ထွက်ရှိတော့မည်

ထူးအိမ်သင် ကွယ်လွန်ခြင်း ၁၂ ပြည့်အထိမ်းအမှတ်အနေနဲ့ ထူးအိမ်သင်သီချင်းပေါင်းချုပ် စာအုပ်ထွက်ရှိတော့မှာပါ။ စိတ်ကူးချိုချိုစာအုပ်တိုက် ၁၇နှစ်ပြည့် အမှတ်တရစာအုပ်အရောင်းပွဲရက်အတွင်းမှာ တန်ဖိုး ၅၅၀၀ကျပ်နဲ့ စတင်ရောင်းချပေးသွားမှာလည်းဖြစ်ပါတယ်။

ထူးအိမ်သင်ဟာ ရှားပါးပြီး ပါရမီရှင်တစ်ယောက်ဖြစ်ပြီး သူလိုလူမျိုး မြန်မာနိုင်ငံမှာ ထပ်ပေါ်လာဖို့ ခဲယဉ်းတယ်လို့ တေးရေး မြင့်မိုးအောင်က ပြောပါတယ်။

 "သူ့ပရိတ်သတ်တွေက သူ မျှော်လင့်တာလေးတွေ ရှိမှာပေါ့။ နောက်တစ်ခါ သူငယ်ချင်း မိတ်ဆွေ မိသားစုတွေကလည်း အမှတ်တရလုပ်ချင်တာလေးတွေ လုပ်သင့်တဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ ဒါပေမယ့် အများကြီး မလုပ်နိုင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမှားအယွင်းပါရင်လည်း မသင့်တော်တဲ့လူမို့လို့ သူပရိတ်သတ်တွေကလည်း ချစ်တော့ ဝေဖန်ပြောဆိုကြတယ်၊ ထောက်ပြကြတယ်"

ထူးအိမ်သင်နဲ့ပတ်သတ်ပြီး လုပ်သင့်လုပ်ထိုက်တာလေးတွေကို မိသားစုဝင်တွေက တတ်နိုင်သမျှ လုပ်ကြတာဖြစ်တယ်လို့ ဒီပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကို တေးရေး မြင့်မိုးအောင်က ပြောပါတယ်.. ထူးအိမ်သင်ကွယ်လွန်ခြင်း ၁၀နှစ်ပြည့် အထိမ်းအမှတ် အမှတ်တရ ဖျော်ဖြေပွဲပြုလုပ်ခဲ့စဉ်ကလည်း ထူးအိမ်သင် ပရိတ်သတ်တွေကြား ဝေဖန်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly