ပိုင်နက်အရေး ရန်လိုကျုးကျော်မှုကြောင့် တရုတ်ကို ဂျပန် သတိပေး

ပိုင်နက်အရေး ရန်လိုကျုးကျော်မှုကြောင့် တရုတ်ကို ဂျပန် သတိပေး

တိုကျို၊ သြဂုတ် ၂ ။         ။ ရေပြင်ပိုင်နက်အငြင်းပွားမှုများတွင် ရန်မူသည့် သဘောထားကြောင့် တရုတ်နိုင်ငံအနေဖြင့် ယှဉ်ပြိုင်ဖက် အာရှနိုင်ငံများနှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားအောင် အစပျိုးနေကြောင်း သြဂုတ် ၂ ရက်က ထုတ်ပြန်သည့် နှစ်ပတ်လည်လုံခြုံရေးအကဲဖြတ်ချက်တွင် ဂျပန်နိုင်ငံက သတိပေးလိုက်သည်။

မဟာဗျူဟာကျသော တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး တရုတ်က ပိုင်ဆိုင်ကြောင်း အတည်ပြုပြောဆိုလျက် အခြားနိုင်ငံများက ပိုင်ဆိုင်ကြောင်း အတည်ပြု၍ အငြင်းပွားမှုများရှိနေသော်လည်း စစ်ရေးဆောင်ရွက်နိုင်သည့် လူလုပ်ကျွန်းများကို တရုတ်က တည်ဆောက်လျက်ရှိနေသဖြင့် နိုင်ငံတကာအတွက် ထိတ်လန့်အနေအထားဖြစ်ရသည်။

ဒေသတွင်း စူပါပါဝါနိုင်ငံကြီးအနေဖြင့် ရန်မူသည့်အပြုအမှုများ ဆက်လက်လုပ်ဆောင်နေပြီး ယင်းကဲ့သို့ အန္တရာယ်များသည့် လုပ်ရပ်များအပါအဝင် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုများကြောင့် မရည်ရွယ်သော အကျိုးဆက်များဖြစ်ပွားလာနိုင်ကြောင်း ဂျပန်က ကာကွယ်ရေးစက္ကူဖြူစာတမ်းတွင် ကြေညာသည်။

ပြီးခဲ့သည့်လက ကုလသမဂ္ဂနောက်ခံတရားရုံးက ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနှင့် အခြားနိုင်ငံများနှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသော သဘာဝရင်းမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ်အား တရုတ်ပိုင်ဆိုင်သည့် သမိုင်းအထောက်အထားမရှိကြောင်း ဆုံးဖြတ်လိုက်ရာ တရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားရန် နိုင်ငံတကာ၏ ဖိအားပေးမှုနှင့် တရုတ်နိုင်ငံက ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံက အပေးအယူညှိနှိုင်းခြင်းမရှိဘဲ ရေပိုင်နက်အရေးတွင် ငါတကော ကောနေ၍ နိုင်ထက်စီးနင်းလုပ်ရာသို့ ရောက်သွားနိုင်ကြောင်း အဆိုပါစက္ကူဖြူစာတမ်းတွင် ဖော်ပြသည်။

ထိုပြင်တရားရုံး၏ ဆုံးဖြတ်ချက်ကိုလည်း လိုက်နာရန် တရုတ်နိုင်ငံအား တိုက်တွန်းထားသည်။ တရုတ်နိုင်ငံကမူ တရားရုံး၏ ဆုံးဖြတ်ချက်က မှားယွင်းမှုအဖြစ် ရှုတ်ချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly