အာဆင်နယ်နှင့် ဝက်စ်ဟမ်းကစားသမားဟောင်း ဆောင်း ရူဘင်ကာဇန်သို့ပြောင်းရွှေ့

အာဆင်နယ်နှင့် ဝက်စ်ဟမ်းကစားသမားဟောင်း ဆောင်း ရူဘင်ကာဇန်သို့ပြောင်းရွှေ့

သြဂုတ် ၂၊ လန်ဒန်။             ။ အာဆင်နယ်နှင့် ဝက်စ်ဟမ်းကွင်းလယ်ကစားသမားဟောင်း အဲလက်စ်ဆောင်းသည် ရုရှကလပ်ရူဘင်ကာဇန်အသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။

ယင်းကွင်းလယ်ကစားသမားသည် ၂၀၁၂ တွင် ဘာစီလိုနာအသင်းသို့မပြောင်းမီ အာဆင်နယ်အသင်းတွင် ခြောက်နှစ်ကြာ ကစားခဲ့သည်။

ဘာစီလိုနာအသင်းတွင် ဦးစားပေးခံရခြင်းမရှိဘဲ ၃၉ ပွဲသာကစားခွင့်ရပြီးနောက် ပြီးခဲ့သည့်ဘောလုံးရာသီနှစ်ခုကို ဝက်စ်ဟမ်း အသင်းတွင်အငှားဖြင့်ကစားခဲ့ကာ ပွဲ ၄၀ ကစားခွင့်ရခဲ့သည်။

သို့သော် ဘာစီလိုနာအသင်းနှင့်စာချုပ်သက်တမ်းကုန်သွားပြီးနောက် ရုရှကလပ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိသွား ခဲ့သည်။

အပြောင်းအရွှေ့သတင်းကို ရူဘင်ကာဇန်အသင်းက အသင်းပိုင်ဝက်ဘ်ဆိုက်တွင်အတည်ပြုခဲ့သော်လည်း ယင်းကင်မရွန်း လက်ရွေးစင်၏ အပြောင်းအရွှေ့အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ဆောင်းသည် ကင်မရွန်းလက်ရွေးစင်အသင်းအတွက် ၄၉ ပွဲကစားထားသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags