ဆွမ်ဆီးနောက်ခံလူ အက်ရှ်လေဝီလျံကို အဲဗာတန်ခေါ်ယူနိုင်ရန် နီးစပ်နေ

ဆွမ်ဆီးနောက်ခံလူ အက်ရှ်လေဝီလျံကို အဲဗာတန်ခေါ်ယူနိုင်ရန် နီးစပ်နေ

သြဂုတ် ၂၊ အင်္ဂလန် ။               ။ အဲဗာတန်အသင်းသည် ဆွမ်ဆီးအသင်းမှ အသက် ၃၁ နှစ်အရွယ်ရှိ ဝါရင့်နောက်ခံကစားသမား အက်ရှ်လေဝီလျံကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

အဲဗာတန်အသင်းသည် ဝေးလ်လက်ရွေးစင်နောက်ခံလူ ဝီလျံကို ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းဖြင့် ယခုတစ်ပတ်အတွင်း ခေါ်ယူနိုင်မည်ဟု ယုံကြည်နေသည်။

အဲဗာတန်အသင်းသည် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့တော့မည့် လူငယ်နောက်ခံကစားသမား ဂျွန်စတုန်းနှင့် ဒဏ်ရာကြောင့် ရာသီအစပွဲစဉ်များကိုလွဲမည့် ဂျာဂီယာကာတို့၏နေရာတွင် ဝီလျံဖြင့် အစားထိုးရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

အဲဗာတန်နည်းပြ ကိုးလ်မန်းသည် ဆန်းဒါးလန်းအသင်းမှ အိုင်ဗရီကို့စ်နောက်ခံကစားသမား လာမီနီကိုနေးကိုလည်း ခေါ်ယူလိုလျက်ရှိသည်။ ဆန်းဒါးလန်းအသင်းက ကိုနေးအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၂၀ သတ်မှတ်ထားသည်။

ဝီလျံသည် ဆွမ်ဆီးအသင်းနှင့် ဝေးလ်လက်ရွေးစင်အသင်းတို့တွင် အသင်းခေါင်းဆောင်ဖြစ်ပြီး အသင်းကို အကောင်းဆုံးဦးဆောင်ကစားနိုင်သူဖြစ်သည်။ ဝီလျံသည် ဆွမ်ဆီးအသင်းအတွက် လိဂ်ပွဲပေါင်း ၃၀၀ ကျော်ကစားပေးထားသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားပေးထားသူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags