မန်ယူတိုက်စစ်မှူး ဟာနန်ဒက်ဇ်ကို ဆီဗီလာစုံစမ်းနေ

မန်ယူတိုက်စစ်မှူး ဟာနန်ဒက်ဇ်ကို ဆီဗီလာစုံစမ်းနေ

ဇူလိုင် ၁၀၊ မန်ချက်စတာ။       ။ စပိန်ကလပ်ဆီဗီလာအသင်းသည် မန်ယူတိုက်စစ်မှူး ဟာနန်ဒက်ဇ် ကို ခေါ်ယူရန် စုံစမ်းမှုများပြုလုပ်ခဲ့သည်။ ဝက်စ်ဟမ်းနှင့် အော်လန်ဒို အသင်းတို့ကလည်း လိုချင်နေသည့် အဆိုပါမက္ကဆီကိုတိုက်စစ်မှူးမှာ ညှပ်ရိုးကျိုးသည့်ဒဏ်ရာကြောင့် လေးပတ်ခန့်နားနေရသည်။

အသင်းနှင့်စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့သည့် ဟာနန်ဒက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၈ သန်းဝန်းကျင် ခန့်လိုချင်နေသည်။ ဆီဗီလာနည်းပြ အူနိုင်းအမ်မရီက "ချီချာရီတို (ဟာနန်ဒက်ဇ်)၊ အင်မိုဘီလီနဲ့ တခြားကစားသမား တစ်ချို့ကို ကျွန်တော်တို့ တန်ဖိုးတွက် နေတယ်"ဟု ပြောဆိုထားသည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဟာနန်ဒက်ဇ်သည်ပြီးခဲ့သည့်ရာသီက မန်ယူမှ ရီးယဲလ်မက်ဒရစ်သို့ တစ်ရာသီအငှားသွားကစား ခဲ့သော်လည်း အပြီးသတ်စာချုပ်ရန်မှာမူ ရီးယဲလ်အသင်းက ငြင်းဆန်ခဲ့သည်။

၎င်းသည် စပိန်တွင်ရုန်းကန်ခဲ့ရပြီး ၁၂ ပွဲသာပွဲထွက်ခဲ့ရကာ ကျန်အချိန်များတွင် လူစားဝင်ကစားသမားအဖြစ်သာ ကစားခဲ့ ရသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags