မြန်မာရွှေ့ပြောင်းအလုပ်သမားများ အထူးသတိထား သွားလာရန် ထိုင်းရှိ မြန်မာသံရုံးက သတိပေး

မြန်မာရွှေ့ပြောင်းအလုပ်သမားများ အထူးသတိထား သွားလာရန် ထိုင်းရှိ မြန်မာသံရုံးက သတိပေး
ဓာတ်ပုံ-ကြယ်စင်လင်း
 

ချင်းမိုင်၊ သြဂုတ် ၂ရက် ။              ။ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် အထူးသတိပြု၍ နေထိုင်သွားလာကြရန်၊ ခရီးသွားရန်ရှိပါက စာရွက်စာ တမ်း အထောက် ထား အပြည့်အစုံ ယူဆောင်ကြရန်နှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးပါက အသာတကြည် စစ်ဆေးမှုခံ ယူကြရန်တိုက်တွန်းကြောင်း  မြန်မာသံရုံးအရာရှိက ပြောသည်။

“သူတို့ ထိုင်းနိုင်ငံမှာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ လုပ်မယ်။ စစ်ဆေးတာတွေ လုပ်နေတယ်။ ကျနော်တို့ အ နေနဲ့ ခရီးမသွားဖု့ိ၊ သွားမယ် ဆိုရင်လည်း အထောက်အထားတွေ ယူဖို့ သတိပေးထားတယ်။ လက်မှတ်ရှိတဲ့ လူတွေ အတွက်က စိုးရိမ်စရာမလိုဘူး”ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ပြော သည်။

ထို့ပြင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အလုပ်သမားများအား ယခုရက်ပိုင်းအတွင်း အထူး သ တိပြု နေ ထိုင်သွားကြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထူးသတိပေးစာကို သြဂုတ်လ ၁ ရက်က သတိပေးစာ ထုတ် ပြန်ထားသည်။

လာမည့် သြဂုတ်လ ၇ ရက်တွင် ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြု လုပ်ရန်ရှိသဖြင့် ၎င်းဆန္ဒခံယူပွဲအား လုံခြုံအေးချမ်းစွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံ အစိုးရမှ ရဲတပ်ဖွဲ့ဝင် အင်အား အမြောက်အမြျား အသုံးပြု၍ လုံခြုံရေးတိုးမြှင့်ချထားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အထောက်အထား မရှိဘဲ အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ ရာနှင့်ချီ ဖမ်းဆီးခံခဲ့ရသည်။

ဇူလိုင်လ ၂၉ ရက်နေ့ထိ မြန်မာအလုပ်သမားများအတွက် ပန်းရောင်ကဒ် သက်တမ်းတိုးပေးမှု သတ်မှတ်ရက် ကုန်ဆုံးပြီး နောက်ပိုင်း သြဂုတ်လမှစတင်၍ ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့များက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးမှုများ ပိုမိုပြု လုပ်လာမည် ဖြစ်ကြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူများကလည်း ဆိုသည်။

ထိုင်းအစိုးရအာဏာပိုင်များက ယခုကဲ့သု့ိ ဖမ်းဆီးနေမှုသည် တရားဥပဒေအရ ဖမ်းဆီးခြင်းဖြစ်ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် မိမိအလုပ်ရှင်နှင့် မိမိလုပ်ကိုင်သည့် နေရာဒေသတွင်သာ အတိအကျ နေထိုင်လုပ်ကိုင်ရန် ရွှေ့ပြောင်း အလုပ်သမားများအရေး ကွန်ရက်(MWRN)မှ အတွင်းရေးမှူး ဦးအောင်ကျော်က ပြောသည်။

“အလုပ်သမားတွေကို ဖမ်းဆီးနေတာက နှစ်ပေါင်းများစွာကတည်းက တရားမဝင်အလုပ်သမားတွေကို ဖမ်းဆီးနေတာဘဲ။ ဒါပေမဲ့ အခုက ထိုင်းအစိုးရ ဥပဒေ ပြဌာန်းချက်နဲ့အညီ မှန်ကန်တဲ့လုပ်ဆောင်ချက်လို့ ပြောလို့ရပါတယ်။ အလုပ်သမား တဦးသည် မိမိရဲ့ အလုပ်ရှင် အမည်နာမ အတိအကျ၊ မိမိလုပ်ငန်း၊ နေရပ်၊ မြို့အမည်နာမည် အတိအကျရှိတဲ့ အတွက်ကြောင်း သူ့လုပ်ဆောင်ချက်က အင်မတန် တရားမျှတတယ်လို့ ပြောလို့ ရပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းခန့်ရှိပြီး မြန်မာနှင့် ထိုင်းအစိုးရ သဘောတူ ညီချက်အရ တရားဝင် အလုပ်လုပ်ကိုင်သူ ဦးရေ ၁.၇သန်းခန့်ရှိသည်ဟု သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly