ဂျာမနီကွင်းလယ်လူ ဆာနေး ပေါင် (၃၇) သန်းဖြင့် မန်စီးတီးသို့ ရောက်ရှိရန် နီးစပ်

ဂျာမနီကွင်းလယ်လူ ဆာနေး ပေါင် (၃၇) သန်းဖြင့် မန်စီးတီးသို့ ရောက်ရှိရန် နီးစပ်
(ဓာတ်ပုံ - အီးပီအေ)

ရှော်ကေးအသင်း ကွင်းလယ်ကစားသမား လီရွိုင်းဆာနေးဟာ ပေါင် (၃၇) သန်းဖြင့် မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီး မန်ချက်စတာမြို့သို့ ရောက်ရှိနေကြောင်း သိရပါတယ်။

ရှော်ကေးက မန်စီးတီးရဲ့ ပေါင် (၃၇) သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီး ဆာနေးဟာ မန်စီးတီးအသင်းမှာ ဆေးစစ်မှုခံယူရန် မန်ချက်စတာမြို့သို့ ရောက်ရှိနေကြောင်း သတင်းများက ဖော်ပြပါတယ်။

ဂျာမန် ဘွန်ဒစ်လီဂါကလပ် ရှော်ကေးက ၎င်းတို့ရဲ့ ကွင်းလယ်ကစားသမားဟာ မန်ချက်စတာကို ရောက်ရှိနေပြီး သြစကြီးယားရှိ ရာသီကြို လေ့ကျင့်ရေးစခန်းသို့ ဝင်ရောက်ပူးပေါင်းနိုင်မှာ မဟုတ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

မန်စီးတီးနည်းပြသစ် ဂွါဒီယိုလာကလည်း ဆာနေးက ခေါ်ယူလိုကြောင်း ဇူလိုင် ၂၁ ရက်နေ့က အတည်ပြု ပြောကြားခဲ့ပါတယ်။

အသက် (၂၀) ရွယ်ရှိ ဆာနေးဟာ ဂျာမနီ လက်ရွေးစင်အသင်းနှင့်အတူ နိုင်ငံတကာပွဲကို  ပြီးခဲ့တဲ့ နိုဝင်ဘာလက ပွဲဦးထွက်ကစားနိုင်ခဲ့ပြီး ယူရို ၂၀၁၆ မှာ ဂျာမနီအသင်းကို ဆီမီးဖိုင်နယ် ရောက်ရှိအောင် ကူညီပေးခဲ့ပါတယ်။

ယခုနှစ် အစာပိုင်းနွေရာသီကတည်းက ရှော်ကေးအသင်းမှ ထွက်ခွာလိုကြောင်း ဆာနေးက အသင်းအားကစားဒါရိုက်တာ ခရစ္စတန်ဟိုင်းဒါလ်ကို ပြောကြားခဲ့ကြောင်း ဂျာမန်မီဒီယာများက ဖော်ပြခဲ့ပါတယ်။

ဆာနေးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းနဲ့အတူ (၃၃) ပွဲကစား (၈) ဂိုးသွင်းယူနိုင်ခဲ့ပြီး ရှော်ကေးအသင်းကတော့ ဘွန်ဒစ်လီဂါမှာ အဆင့် (၅) နေရာနဲ့ ပြီးဆုံးခဲ့တာကြောင့် နှစ်နှစ်ဆက် ချန်ပီယံလိဂ်ဝင်ခွင့် ပျောက်ဆုံးခဲ့ပါတယ်။

Ref; BBC, Independent

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags