အနားမယူခင်ဘိုင်ယန်မြူးနစ်တွင် ကစားလိုသည်ဟု အီဘရာဟီမိုဗစ်ဖွင့်ဟ

အနားမယူခင်ဘိုင်ယန်မြူးနစ်တွင် ကစားလိုသည်ဟု အီဘရာဟီမိုဗစ်ဖွင့်ဟ

ဇူလိုင် ၁၀၊ ပဲရစ်။       ။ ပီအက်စ်ဂျီတိုက်စစ်မှူး အီဘရာဟီမိုဗစ်က ကစားသမားဘဝမှအနားမယူမီ ဘိုင်ယန်မြူးနစ်အသင်း အတွက် ကစားခွင့်ရမည် ဆိုပါက လွန်စွာကျေနပ်မိမည်ဖြစ်သည်ဟု ပြောသည်။

အဆိုပါဆွီဒင်တိုက်စစ်မှူးသည် လက်ရှိအပြောင်းအရွှေ့ကာလအတွင်း အေစီမီလန်သို့ပြန်ရောက်သွားနိုင်သည်ဟုသတင်းများ ထွက်ပေါ်နေ ပြီး အေစီမီလန်အသင်းဥက္ကဋ္ဌ ဆီလ်ဗီယိုဘလူစကိုနီကလည်းအက်ဒရီယာနိုနှင့်ဘက်ကာတို့ကိုခေါ်ယူ ထားသည့်တိုင် အီဘရာဟီမိုဗစ်ကို ခေါ်ယူချင်နေတဲ့ဖြစ်သည်ဟု ဝန်ခံပြောဆိုထားသည်။

သို့သော်လည်း အီဘရာဟီမိုဗစ်က အနားမယူခင် ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင်သာကစားလိုပြီး ဂျာမန်ချန်ပီယံဘိုင်ယန် မြူးနစ်အသင်း၌ ကစားလို ခြင်းဖြစ်သည်ဟု အတိအကျထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

"အဲဒီလိဂ်က ကျွန်တော့်အတွက် သိပ်ကောင်းတဲ့လိဂ်ဖြစ်ပါတယ်။ တစ်နေ့မှာ အဲဒီကိုသွားကစားဖို့ဖြစ်လာနိုင်ပြီး ကျွန်တော့်မှာအချိန်ရှိနေတုန်း ပါပဲ။ ကျွန်တော်ဂျာမနီကိုသွားဖြစ်ခဲ့ရင်တော့ ဘိုင်ယန်မြူးနစ်မှာ ကစားဖို့ပဲရှိပါတယ်။ သူတို့က ကမ္ဘာ့အကောင်းဆုံးငါးသင်းထဲက တစ်သင်းပါ" ဟု အသက် ၃၃ နှစ်အရွယ် အီဘရာဟီမိုဗစ်က 11Freunde သို့ပြောသည်။

အီဘရာဟီမိုဗစ်ကို ဘိုင်ယန်မြူးနစ်သို့ခေါ်ယူရန်မှာ နည်းပြဂွာဒီယိုလာအပေါ်တွင်သာ အရာရာမူတည်နေသည်။ သို့သော် ယင်းတို့နှစ်ဦးသည် ဘာစီလိုနာတွင်ရှိစဉ်က ဆက်ဆံရေးဆိုးရွားခဲ့ကြသူများဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly