အမျိုးသားလုံခြံုရေးကို ရုရှက အကြီးမားဆုံးခြိမ်းခြောက်နေဟု အမေရိကန် ဗိုလ်ချုပ်ကြီးပြော

အမျိုးသားလုံခြံုရေးကို ရုရှက အကြီးမားဆုံးခြိမ်းခြောက်နေဟု အမေရိကန် ဗိုလ်ချုပ်ကြီးပြော

ရုရှနိုင်ငံက အမျိုးသားလုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု အမေရိကန်စစ်တပ်မှ ဗိုလ်ချုပ်ကြီး အဆင့်ရှိသူက ပြောခဲ့သည်။

ရေတပ်ဗိုလ်ချုပ်ကြီး ဂျိုးဆက်ဒန်ဖို့ဒ်က ရုရှနိုင်ငံ၏ မကြာသေးမီက လုပ်ဆောင်ချက်များသည် သတိထားသွားရမည့် အခြေအနေ မျိုးတွင် ရှိကြောင်း ပူးတွဲမဟာမိတ်စစ် ဗိုလ်ချုပ်ကြီး များအဖွဲ့တွင် ဥက္ကဌအဖြစ် ရွေးကောက်တင်မြောက်ခံရာတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသအရေးတွင် ရုရှ၏ နယ်မြေအပိုင်ပြုလိုက်ချိန်မှစကာ အမေရိကန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေဆိုးဝါးလာခဲ့ခြင်းဖြစ်သည်။

ယူကရိန်းအရှေ့ပိုင်းရှိ ရုရှလိုလားသော သောင်းကျန်းသူများအရေးကြောင့်လည်း အမေရိကန်အတွက် ရုရှနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်စေခဲ့ရသည်။

"အမေရိကန်နိုင်ငံကို ခြိမ်းခြောက်လာနိုင်တဲ့ နိုင်ငံတစ်နိုင်ငံအကြောင်း ပြောမယ်ဆိုရင်တော့ ကျွန်တော်အနေနဲ့ ရုရှနိုင်ငံ အကြောင်းကိုပဲ ပြောချင်တယ်"ဟု ဗိုလ်ချုပ်ကြီးဒန်ဖို့ဒ်က လွှတ်တော်အမတ်များကို ဇူလိုင် ၉ ရက်ကပြောကြားခဲ့ခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly