မော်ရင်ဟို၏လက်အောက်တွင် ယခင်ကမန်ယူလို ပြန်ဖြစ်လာမည်ဟု ရွန်နီ ယုံကြည်

မော်ရင်ဟို၏လက်အောက်တွင် ယခင်ကမန်ယူလို ပြန်ဖြစ်လာမည်ဟု ရွန်နီ ယုံကြည်

သြဂုတ် ၁၊ အင်္ဂလန် ။          ။ မန်ယူအသင်းခေါင်းဆောင်ရွန်နီက ၎င်းတို့အသင်းသည် နည်းပြမော်ရင်ဟို၏လက်အောက်တွင် ယခင်ကမန်ယူအသင်းလို ပြန်ဖြစ်လာမည်ဟု ယုံကြည်ကြောင်း ပြောဆိုလိုက်သည်။

မော်ရင်ဟိုသည် နည်းပြဗန်ဟားလ်၏နေရာကို အစားထိုးဝင်ရောက်လာသူဖြစ်ပြီး ကစားသမားသစ်များအဖြစ် အီဗရာဟီမိုဗစ်၊ အီရစ်ဘေလီနှင့် အမ်ခီတာရန်တို့ကိုသာ ခေါ်ယူထားသေးသည်။

‘အလွန်ကောင်းတဲ့အနေအထားတစ်ခုကို ကျွန်တော်တို့ ရောက်နေပါပြီ။ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်မယ်လို့ ထင်ပါတယ်။ ကစားသမားတွေကလည်း အရင်က မန်ယူအသင်းလို ပြန်ပြီးခံစားနေရတယ်လို့ ထင်ပါတယ်။

လက်ရှိအသင်းမှာ အသစ်ခေါ်ယူထားတဲ့ ကစားသမားကောင်းတွေတင်မကပဲ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြခဲ့တဲ့ မာရှယ်နဲ့ရက်ရှ်ဖို့လို လူငယ်ကစားသမားကောင်းတွေလည်း ရှိနေပါတယ်’ ဟု ရွန်နီက ဆိုသည်။

မန်ယူအသင်းသည် နည်းပြဗန်ဟားလ်၏လက်အောက်တွင် ပြီးခဲ့သည့်ရာသီက အက်ဖ်အေဖလားကို ရယူနိုင်ခဲ့သည်။ ထို့ကြောင့် လာမည့်အပတ်တွင် ပရီးမီးယားလိဂ်ချန်ပီယံလက်စတာနှင့် ချာရတီဒိုင်းပြိုင်ပွဲကို ကစားရမည်ဖြစ်သည်။

‘ကွန်မြူနတီဖလားပွဲက တစ်ပွဲတည်းအပြတ်ကစားရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စောစောစီးစီးဖလားရနိုင်တယ်ဆိုတာကို ပြသချင်ပါတယ်။ ဒီပွဲက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ပွဲလို့ ခံစားရပါတယ်’ ဟု ရွန်နီက ဆိုခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly