စင်ကာပူသို့ လာမည့် မြောက်ကိုရီးယားနိုင်ငံသားများ အောက်တိုဘာလမှ စတင်၍ ဗီဇာလိုအပ်မည်

စင်ကာပူသို့ လာမည့် မြောက်ကိုရီးယားနိုင်ငံသားများ အောက်တိုဘာလမှ စတင်၍ ဗီဇာလိုအပ်မည်

စင်ကာပူနိုင်ငံသို့ လာရောက်မည့် မြောက်ကိုရီးယားနိုင်ငံသားများအနေဖြင့် အောက်တိုဘာ ၁ ရက်မှ စတင်၍ ဗီဇာလျှောက်ထားမှု ပြန်လည်ပြုလုပ်ရမည်ဖြစ်ကြောင်း စင်ကာပူလူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးအာဏာပိုင်အဖွဲ့က ဇူလိုင် ၃၀ တွင် ထုတ်ပြန်လိုက်သည်။

"ဗီဇာလုပ်ထုံးလုပ်နည်းအရ ပုံမှန် ပြန်လည်သုံးသပ်ရေးအတွက် အခုလို ဆောင်ရွက်ခြင်းဖြစ်ပါတယ်" ဟု အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံသားများအနေဖြင့် စင်ကာပူအပြင် မလေးရှား၊ ဒိုမီနီကာ၊ အီကွေဒေါ၊ ဂမ်ဘီးယား၊ ဟေတီ၊ ကာဇစ်စတန်၊ မိုက်ခရိုနီးရှား၊ စိန့်ဗင်းဆင့်နှင့် ဂရေနက်ဒိုင်း နိုင်ငံများသို့ သွားရာတွင် ဗီဇာကင်းလွတ်ခွင့်ရရှိထားသည်။

စင်ကာပူနိုင်ငံသားများအနေဖြင့်လည်း မြောက်ကိုရီးယားသို့ သွားရာတွင် ရက် ၃၀ ဗီဇာကင်းလွတ်ရရှိထားပြီး မြောက်ကိုရီးယားနိုင်ငံသားများကလည်း စင်ကာပူသို့ ဆေးကုသမှုအတွက် သွားရောက်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly