အန်ဇွန်ဇီကို ဆီဗီလာသို့ပေါင် ရ သန်းဖြင့် စတုခ်စီးတီးရောင်းချ

အန်ဇွန်ဇီကို ဆီဗီလာသို့ပေါင် ရ သန်းဖြင့် စတုခ်စီးတီးရောင်းချ

ဇူလိုင် ၁၀၊ စတုခ် ။      ။ စတုခ်စီးတီးကွင်းလယ်ကစားသမား စတီဗင်အန်ဇွန်ဇီသည် လာလီဂါကလပ် ဆီဗီလာအသင်းသို့ စတုခ်အသင်း၏စံချိန်တင်ရောင်းဈေး ပေါင် ၇ သန်းဖြင့် ရောက်ရှိသွားခဲ့သည်။

အသက် ၂၆ နှစ်အရွယ်ရှိပြင်သစ်ကစားသမား အန်ဇွန်ဇီသည် ၂၀၁၂ တွင်ဘလက်ဘန်းမှ ပေါင် ၃ သန်းဖြင့်ပြောင်းလာခဲ့ပြီး စတုခ်အသင်းအ တွက် ပွဲပေါင်း ၁၂၀ ကစားခဲ့သည်။

အန်ဇွန်ဇီသည် စပိန်ကလပ်ဆီဗီလာအသင်းနှင့် လေးနှစ်စာချုပ်ခဲ့ခြင်းဖြစ်ပြီး စာချက်ဖျက်သိမ်းကြေး ပေါင် ၂၁ ဒသမ ၅ သန်းပေးရ မည်ဆို သည့်အချက်လည်း ပါဝင်သည်။

စတုခ်စီးတီးအသင်း၏ ယခင်စံချိန်တင်ရောင်းဈေးမှာ ပေါင် ၄ ဒသမ ၅ သန်းဖြစ်ပြီး ၂၀၁၁ တွင်တွန်ကေးကို ဝုဖ်ဘတ်သို့ရောင်း ချရာမှ ရရှိခဲ့ခြင်း ဖြစ်သည်။

အန်ဇွန်ဇီကိုခေါ်ယူခဲ့သည့် ဆီဗီလာအသင်းသည် ပြီးခဲ့သည့်နှစ်က လာလီဂါတွင် အဆင့် ၅ ရခဲ့ပြီး ယူရိုပါလိဂ်ဖလားပြိုင်ပွဲတွင်မူ ဒီနီပရိုကို အနိုင်ရဗိုလ်စွဲထားသည်။

အန်ဇွန်ဇီသည် လွန်ခဲ့သည့်နှစ်နှစ်က အသင်းပြောင်းခွင့်ရရန်တောင်းဆိုခဲ့ဖူးသော်လည်း ပယ်ချခံခဲ့ရပြီး လက်ရှိအပြောင်းအရွှေ့ ကာလတွင် လည်း နည်းပြမာ့ခ်ဟုချ်က ရောင်းချလိုခြင်းမရှိသည့် ကစားသမားဖြစ်သည်။

"သူဒီမှာပဲဆက်နေဖို့ ကျွန်တော်တို့ရဲ့ အသည်းအသန်ကြိုးစားမှုက သူ့အတွက်မလုံလောက်ခဲ့ပါဘူး"ဟု မာ့ခ်ဟုချ်က ပြောသည်။ စတုခ်စီးတီး အသင်းကမူ စံချိန်တင်ဈေးနှုန်းရရှိခဲ့ခြင်းမှာ အန်ဇွန်ဇီကြောင့်ဖြစ်၍ ကျေးဇူးတင်ကြောင်းနှင့် အောင်မြင်မှုရရန် ဆုတောင်းပါကြောင်း အသင်း ပိုင်ဝက်ဘ်ဆိုက်တွင်ရေးသားထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly