ယိုင်နဲ့သွားခဲ့သည့် တရုတ်ရှယ်ယာစျေးကွက် ဆက်လက်ထောင်တက်လာ

ယိုင်နဲ့သွားခဲ့သည့် တရုတ်ရှယ်ယာစျေးကွက် ဆက်လက်ထောင်တက်လာ

အစိုးရက အရေးယူစည်းကြပ်မတ်မှုလုပ်ဆောင်ပြီးနောက် ပြိုကွဲခဲ့သည့် တရုတ်ရှယ်ယာဈေးကွက် ပြန်လည်ဦးမော့လာခဲ့ပြီး ဆက်တက်ဈေးတက်လာနေပြီဖြစ်သည်။

ရှန်ဟိုင်းစတော့အညွန်းကိန်းတွင် ၄ ဒသမ ၈ ရာခိုင်နှုန်းတက်ပြီး ၃၈၈၇ ဒသမ ၆၈ သို့ ရောက်ခဲ့ရာ ယခင် အမြင့်ဆုံး ၆ ရာခိုင်နှုန်းနီးပါးရှိခဲ့သည့် ကာလကနှုန်း နားသို့ ရောက်ရှိခြင်းဖြစ်သည်။

ဟောင်ကောင်ရှိ ဟန်ဆန် စတော့အညွန်းကိန်းတွင် ၁ ဒသမ ၉ ရာခိုင်နှုန်းတက်ပြီး ၂၄၈၅၄ ဒသမ ၇၆ အညွန်းကိန်းသို့ ရောက်ရှိ ခဲ့သည်။

ဂျပန်က Nikkei 225 ရှယ်ယာဈေးကွက်တွင် အစောပိုင်းက ကျဆင်းမှုများမှ ထူထူထောင်ထောင်ပြန်ဖြစ်လာခဲ့ပြီး ၀ ဒသမ ၄ ရာခိုင်နှုန်းတက်လာကာ အညွန်းကိန်း ၁၉၉၂၅ ဒသမ ၂၇ သို့ရောက်ရှိသည်။ ဂျပန်တွင် ဒေါ်လာဈေးက အမေရိကန် ကုန်သွယ် မှုတွင် တစ်ဒေါ်လာလျှင် ၁၂၁ ဒသမ ၃၄ ယန်းရှိနေရာမှ ၁၂၁ ဒသမ ၆၉ ယန်းသို့ ဈေးတက်လာခဲ့သည်။

သြစတြေးလျရှယ်ယာဈေးများက အစောပိုင်းကုန်သွယ်မှုတွင် သတ္တုတူးဖော်ရေးလုပ်ငန်းရှယ်ယာများ မြင့်တက်ခြင်းကြောင့် ရှယ်ယာဈေးကွက်ပါ မြင့်တက်လာခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly