ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲပြုလုပ်မည် ရွေးကောက်ပွဲဝင်၊ မဝင် ကြော်ငြာနိုင်

ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲပြုလုပ်မည် ရွေးကောက်ပွဲဝင်၊ မဝင် ကြော်ငြာနိုင်

ဇူလိုင် ၁၀ ။ ။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်ရှိ သူမနေထိုင်ရာ နှင်းဆီစံအိမ်တွင် ဇူလိုင် ၁၁ရက်၊ ညနေ ၅နာရီတွင် ပြုလုပ်မည်ဖြစ်သည်။ ပါတီဗဟိုအလုပ်အမှုဆောင်များ၏ အစည်းအဝေးအပြီး ပြုလုပ်မည့်သတင်းစာရှင်းလင်းပွဲလည်းဖြစ်သည်။ ရွေးကောက်ပွဲဝင်၊ မဝင်ကို ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးပြုလုပ်ကာ ရက်ပိုင်းအတွင်း ကြေငြာမည်ဟု ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက ပြီးခဲ့ သည့် နှစ်ရက်က ပြောဆိုထားသည်။ အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ ၈ရက်တွင် ကျင်းပပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထား ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly