အစိုးရကျောင်းများအပေါ် ကျူရှင်များလွှမ်းမိုးမှု မခံနိုင်ကြောင်း တနသာင်္ရီတိုင်းဝန်ကြီးချုပ်ပြော

အစိုးရကျောင်းများအပေါ် ကျူရှင်များလွှမ်းမိုးမှု မခံနိုင်ကြောင်း တနသာင်္ရီတိုင်းဝန်ကြီးချုပ်ပြော

မြိတ်၊ ဇူလိုင် ၂၈ ။                     ။ တနင်္သာရီတိုင်းဒေသကြီးရှိ အစိုးရကျောင်းများအပေါ် ကျူရှင်များ လွှမ်းမိုးနေခြင်းကို မခံနိုင်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က မြိတ်မြို့တွင် ဇွန် ၂၇ ရက်ကပြော ဆိုသွားခဲ့သည်။

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာနှုန်းများ ကျဆင်းခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ အစိုးရကျောင်းများအနေဖြင့် မည်သို့ ပြုပြင်သွားရမည်ဆိုသည်နှင့်ပတ်သက်၍ ဝန်ကြီးချုပ်က မြိတ်မြိ့ု အ.ထ.က (၃) ကျောင်းတွင် မြို့နယ်ပညာရေးဆရာကြီး၊ ဆရာမကြီးများနှင့် တွေ့ဆုံပွဲ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။

" ကျောင်းထက်တော့ ကျူရှင်က ပိုပြီး လွှမ်းမိုးလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတစ်ယောက်ရဲ့အချိန်က ကျောင်းမှာပဲရှိနေတယ်။ ဒါကြောင့်ကျောင်းကသာပဲ လွှမ်းမိုးသင့်တာပါ။ ကျူရှင်က လွှမ်းမိုးတယ်ဆိုတဲ့ အဖြစ်မျိုးကို ကျွန်မတို့ မခံနိုင်ပါဘူး"ဟု ၎င်းက ဆိုသည်။

တိုင်းဒေသကြီးအတွင်းရှိ အစိုးရကျောင်းများအနေဖြင့် လိုအပ်ချက်များ၊ ပြင်ဆင်သင့်သည့်အရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားတင်ပြနိုင်ကြောင်း ဒေါက်တာလဲ့လဲ့မော်က ဆိုသည်။

၂၀၁၆ အောင်ချက်ရာနှုန်း တိုးတက်လာစေရန်အတွက် သာမကပဲ ရေရှည် တိုးတက်နိုင်ရန်အတွက် မည်သို့ လုပ်ဆောင်  သင့်သည်များကို အကြံပြု ပြောကြားရန်လိုအပ်သကဲ့သို့ မိမိတို့ အစိုးရအဖွဲ့အနေဖြင့်လည်း တတ်နိုင်သည့် အနေအ ထားများအပေါ် ကူညီ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ကတိပြုခဲ့သည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်၌ မြိတ်ခရိုင်အနေဖြင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသားစုစုပေါင်း အနေ ဖြင့် (၁၅၁၇၄၈)ရှိခဲ့ပြီး ၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၌ (၁၆၄၅၀၀)တိုးတက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အစိုးရကျောင်းများအနေဖြင့် လိုအပ်ချက်များကို တိုင်းဒေသကြီးအစိုးရထံတင်ပြတောင်းဆိုနိုင်မည်ဖြစ်ပြီး ကျုရှင်လွှမ်း မိုးမှုများကို တိုက်ခိုက်ခြင်းမဟုတ်ပဲ ကျောင်းသားများကျောင်း   ပျော်ရန်တွက်   ဆောင်ရွက်ကြရန် ၊ ကျောင်းသား၊ ဆရာ၊ မိဘ ပူးပေါင်းအဖြေရှာနိုင်ကြရန် ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly