ကိုကွီလင်ကို ဗဟိုနောက်ခံလူအဖြစ် အာစင်ဝင်းဂါးလေ့ကျင့်ခိုင်းနေ

ကိုကွီလင်ကို ဗဟိုနောက်ခံလူအဖြစ် အာစင်ဝင်းဂါးလေ့ကျင့်ခိုင်းနေ

ဇူလိုင် ၂၈၊ လန်ဒန်။                ။ မာတီဆက်ကာဒဏ်ရာရသွားပြီးနောက် ကွင်းလယ်အဖျက်ကစားသမား ကိုကွီလင်သည် ဗဟိုနောက်ခံလူအဖြစ်လေ့ကျင့်နေရသည်ဟု ဝီလ်ရှီးယား၏ Snapchat ဗီဒီယိုတွင် ပြောဆိုထားသည်။

အာဆင်နယ်ပရိသတ်များသည် မာတီဆက်ကာဒဏ်ရာရနေသဖြင့် ကစားသမားသစ်ဝယ်ယူစေလိုသော်လည်း နည်းပြ အာစင်ဝင်းဂါးတွင် မတူညီသည့်အကြံဉာဏ်ရှိနေဖွယ်ရှိသည်။

ဂျာမနီလက်ရွေးစင်နောက်ခံလူ မာတီဆက်ကာမှာ ဒူးဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ရာသီအစပွဲများကို လွဲရန်ရှိနေချိန်တွင် နောက်တန်းအတွက်အတွေ့အကြုံရှိကစားသမားရှာဖွေရမည်ဟု အာစင်ဝင်းဂါးက ဝန်ခံထားသည်။

သို့သော် အာစင်ဝင်းဂါးတွင် နောက်ထပ်အကြံဉာဏ်ရှိနေဖွယ်ရှိပြီး ကွင်းလယ်အဖျက်ကစားသမား ကိုကွီလင်ကို နောက်တန်း တွင် ကိုစီရယ်နီနှင့်တွဲလျှက် လေ့ကျင့်ခိုင်းနေသည်။

ဝီလ်ရှီးယား၏ Snapchat အကောင့်တွင်တင်ထားသော ဗီဒီယိုဖိုင်၌ လေ့ကျင့်ရေးကွင်းတွင်ဘာလုပ်ခဲ့ရသလဲဟု ကိုကွီလင်ကို ဝီလ်ရှီးယားက မေးမြန်းနေစဉ် နေရာပြောင်းကစားနေရမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ကိုကွီလင်က “ဗဟိုနောက်ခံနေရာမှာ ကစားခဲ့ရတယ်။ ညွှန်ကြားခံထားရတာလေ။ ငါပြောတာ မင်းသဘောပေါက်တယ်မှတ်လား”ဟု ပြောဆိုခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags