ဇူလိုင် ၂၈၊ မန်ချက်စတာ။ ။ မန်ချက်စတာစီးတီးအသင်းသည် အင်္ဂလန်နောက်ခံလူဂျွန်စတုန်းကို ခေါ်ယူနိုင်ရန်အတွက် အဲဗာတန်အသင်းနှင့် ဆွေးနွေနေသည်။
စာချုပ်အတွက်သဘောတူညီမှုမရသေးသော်လည်း ပရီးမီးယားလိဂ်ကလပ်အသင်းနှစ်သင်း၏ဆွေးနွေးမှုမှာ တိုးတက် ကောင်းမွန်ရန်နီးစပ်သည့်အနေအထားတွင် ရှိနေသည်။
အဲဗာတန်အသင်းအနေဖြင့် ယမန်နှစ်ကချယ်လ်ဆီးသို့ရောက်လုနီးပါးဖြစ်ခဲ့သည့် စတုန်း၏ပြောင်းရွှေ့ကြေးအတွက် ပေါင်သန်း ၅၀ လိုချင်နေသည်။
စတုန်းသည်ယူရို ၂၀၁၆ ပြိုင်ပွဲဝင်အင်္ဂလန်လက်ရွေးစင်အသင်းတွင်လည်း အသင်းသားတစ်ဦးအဖြစ်ပါဝင်ခဲ့သည်။ ၂၀၁၂ မတ်တွင် ဘန်စလေအသင်းနှင့်စတင်ပွဲထွက်ခဲ့ပြီး ၁၀ လအကြာတွင် အဲဗာတန်သို့ ပေါင် ၃ သန်းဖြင့်ပြောင်းရွှေ့ခဲ့သည်။
စီးတီးနည်းပြဂွာဒီယိုလာသည် ယင်းဗဟိုနောက်ခံလူကို ၎င်း၏နည်းစနစ်များနှင့်သင့်တော်သူအဖြစ် သတ်မှတ်ထားသည်။
Ref; BBC