မူးယစ် တရားခံ ၁၄ ဦးကို ယခုသီတင်းပတ်ကုန်တွင် ကွပ်မျက်သွားမည်ဟု အင်ဒိုနီးရှားအစိုးရ ပြော

မူးယစ် တရားခံ ၁၄ ဦးကို ယခုသီတင်းပတ်ကုန်တွင် ကွပ်မျက်သွားမည်ဟု အင်ဒိုနီးရှားအစိုးရ ပြော

ဇူလိုင် ၂၈ ။                 ။ ယခုသီတင်းပတ်ကုန်တွင် အနည်းဆုံး ပြည်ပ နိုင်ငံသားလေးဦးအပါအဝင် မူးယစ်တရားခံ ၁၄ ဦးကို ကွပ်မျက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား ရှေ့နေချုပ်က ဇူလိုင် ၂၇ ရက်တွင် ပြောကြားလိုက်သည်။

မူးယစ်မှုကြောင့် ကွပ်မျက်မည့်သူများထဲတွင် နိုင်ဂျီးရီးယား၊ ဇင်ဘာဘွေ၊ ပါကစ္စတန် နှင့် အိန္ဒိယ နိုင်ငံသားများ ပါဝင်နေကြောင်း ရှေ့နေချုပ် မိုဟာမက် ဟရာဆီတိုက သတင်းထောက်များကို ပြောသည်။

သို့သော် နိုင်ငံတွင် သေဒဏ်ချမှတ်နေမှုအပေါ် ဆိုင်းငံ့ရန် နှင့် ယခု မူးယစ်တရားခံ ၁၄ ဦးကို ကွပ်မျက်ခြင်းမပြုရန် အင်ဒို အာဏာပိုင်များအား တိုက်တွန်းထားကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဇိဒ် ရာအယ်လ်ဟူစိန်ကလည်း ပြောကြားထားသည်။

" ခုသီတင်းပတ်ကုန်ကျရင် ဂျာဗားကျွန်းအလယ်ပိုင်းက လုံခြုံရေးတိုးမြှင့်ထားတဲ့အကျဉ်းထောင်တစ်ခုမှာ ဒီကွပ်မျက်မှုတွေလုပ်မယ်လို့ ကျွန်တော်တို့ သိရပါတယ်၊ ဒီလိုမျိုး သူတို့ အစိုးရရဲ့ သေဒဏ်ပေးတဲ့ လုပ်ငန်းစဉ်မှာ ပွင့်လင်းမြင်သာမှုမရှိတဲ့အပေါ် ကုလသမဂ္ဂက အထူးစိုးရိမ်မိပါတယ်" ဟု ဟူစိန်ကပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly