ဟီလာရီမှာ သမ္မတတာဝန် ထမ်းဆောင်ရန် အထူးအရည်အချင်းနှင့် ပြည့်စုံသူဖြစ်သည်ဟု အိုဘားမား ချီးကျူး

ဟီလာရီမှာ သမ္မတတာဝန် ထမ်းဆောင်ရန် အထူးအရည်အချင်းနှင့် ပြည့်စုံသူဖြစ်သည်ဟု အိုဘားမား ချီးကျူး

ဇူလိုင် ၂၈ ။             ။ ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်း ဟီလာရီ ကလင်တန်မှာ သမ္မတ ရာထူး တာဝန်ရယူရန် အထူးအရည်အချင်း ပြည့်မီသူဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက ချီးကျူး ပြောကြားလိုက်သည်။

Philadelphia မြို့တွင် ပြုလုပ်သည့် ဒီမိုကရက်တစ်ပါတီ ညီလာခံ၌ မိန့်ခွန်းတက်ရောက်ပြောကြားရာတွင် " သမ္မတတာဝန်ထမ်းဆောင်ရန် ဟီလာရီထက် သင့်တော်မည့်သူ တစ်ဦးတစ်ယောက်မှ မရှိပါ" ဟု အိုဘားမားက ပြောကြားသွားသည်။

" အဲဒီ ထိုင်ခုံမှာ ခင်ဗျား မထိုင်ဖူးသေးမချင်း ဒီအလုပ်က ကမ္ဘာ့အကျပ်အတည်းတစ်ခုကို စီမံကိုင်တွယ်နေရပါလားဆိုတာကို ခင်ဗျား သိဦးမှာမဟုတ်ပါဘူး၊ ဒါပေမယ့် ဒီ အခန်းထဲမှာ ရှိဖူးပါတယ်၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာမှာ သူလည်း ကောင်းကောင်း ပါဝင်လုပ်ကိုင်ခဲ့ဖူးပါတယ်" ဟု အိုဘားမားကပြောသည်။

အလားတူ ဟီလာရီကလင်တန်၏ ဉာဏ်ရည်ဉာဏ်သွေး၊ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ စည်းကမ်းရှိမှုတို့ကိုလည်း အထင်ကြီးလေးစားခဲ့ရကြောင်း အိုဘားမားက ချီးကျူးပြောဆိုသွားသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်ပြည်ထောင်စုသည် တရားမဝင် ဝင်ရောက်လာသူများ၊ အကြမ်းဖက်မှုတို့ကြောင့် ကမ္ဘာတွင် ရပ်တည်ချက်လမ်းကြောင်း ပျောက်ဆုံးနေကြောင်း ရီပတ်ကလင်တန် သမ္မတလောင်း ဒေါ်နယ်ထရန့်၏ ထင်မြင်ယူဆချက်နှင့်လည်း ဆန့်ကျင်ဘက်အမြင်ကို အိုဘားမားက ထုတ်ဖော်သွားခဲ့သည်။

" အမေရိကန်တို့ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ကျွန်တော်ကတော့ ပိုပြီးတော့တောင် အကောင်းမြင်ထားပါသေးတယ်" ဟု အိုဘားမားက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags