ပြည်ပမှ ကူးစက်ခြင်းမဟုတ်သည့် ဇီကာပိုးကူးစက်သူလေးဦး အမေရိကန်တွင် တွေ့ရှိ

ပြည်ပမှ ကူးစက်ခြင်းမဟုတ်သည့် ဇီကာပိုးကူးစက်သူလေးဦး အမေရိကန်တွင် တွေ့ရှိ

နယူးယောက်၊ ဇူလိုင် ၂၈ ။             ။ ပြည်ပမှ ကူးစက်ခြင်း ဖြစ်ဖွယ်မရှိသော ဇီကာပိုးကူးစက်ခံရသူ လေးဦးကို အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူများက စစ်ဆေးလျက်ရှိနေသည်။

ဇီကာပိုး ပျံ့နှံ့သည့် လက်တင်အမေရိကနှင့် ကရေဘီယံဒေသ ပြင်ပတွင် ရောဂါကူးစက်ဖြစ်ပွားခြင်း အများစုမှာ ခရီးသွားလာရာမှ ကူးစက်ခံရခြင်းများဖြစ်သည်။

ယခု ဖလော်ရီဒါတွင်း ဇီကာဖြစ်ပွားသူ လေးဦးကြောင့် အမေရိကန်ဒေသတွင်းခြင်များကလည်း ဇီကာပိုး သယ်ဆောင်ထားနိုင်သည့် ခြင်များဖြစ်နေနိုင်ကြောင်း စိုးရိမ်မှုများ မြင့်တက်လာရသည်။

ဇီကာပိုးကူးစက်ဖြစ်ပွားပါက အများစုမှာ နာမကျန်းဖျားနာခြင်း ဝေဒနာများ ခံစားရခြင်းဖြစ်သော်လည်း ကူးစက်ခံထားရသူ မွေးဖွားသည့် ကလေးများတွင် ဦးနှောက်ပိုင်း ထိခိုက်မှုများ ဖြစ်ပွားရခြင်းနှင့် ဇီကာပိုးက ဆက်စပ်လျက်ရှိနေသည်။

ဖလော်ရီဒါကျန်းမာရေးတာဝန်ရှိသူများက မည်သည့်ထင်မြင်ချက်မှ မပေးနိုင်သေးကြောင်းနှင့် ယခုလေးဦးတွင် ဇီကာပိုး မည်သို့မည်ပုံ ကူးစက်လာသည်ကို စစ်ဆေးနေဆဲဖြစ်ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags