အေစီ/ဒီစီ ဂီတအဖွဲ့မှ ဒရမ်တီးခတ်သူ ဖီးလ်ရဒ် နေအိမ် အကျယ်ချုပ် ကျခံနေရ

အေစီ/ဒီစီ ဂီတအဖွဲ့မှ ဒရမ်တီးခတ်သူ ဖီးလ်ရဒ် နေအိမ် အကျယ်ချုပ် ကျခံနေရ

ဝဲလင်တန်၊ ဇူလိုင် ၉ ရော့ခ်ဂီတအဖွဲ့ AC/DC မှ ဒရမ်တီးခတ်သူ ဖီးလ်ရဒ်မှာ မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်မှှုနှင့် သူ၏ အလုပ်သမားဟောင်း တစ်ဦးကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့မှှုတို့ဖြင့် နယူးဇီလန်တွင် နေအိမ်အကျယ်ချုပ် ၈ လ ကျခံနေရ သည်။

အသက် ၆၁ နှစ်အရွယ် သြစတြေးလျဖွား ဖီးလ်ရဒ်သည် ကနဦးတွင် စွဲချက်များကို ငြင်းဆန် ပယ်ချခဲ့သော်လည်း ဧပြီလတွင်မူ အပြစ်ရှိကြောင်း ဝန်ခံကာ လျှောက်လဲချက်ပေးခဲ့သည်။

သူသည် သူ၏ အလုပ်သမားဟောင်း တစ်ဦးကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်ကြောင်း Tauranga တရားရုံးက ဆိုခဲ့သည်။

ရဲများသည် ထိုခြိမ်းခြောက်မှှုနှင့် ပတ်သက်၍ မေးမြန်းစစ်ဆေးရန် သူ့ထံသို့ သွားရောက်ခဲ့စဉ်တွင် သိုဝှက်ထားသော ဆေးခြောက် များနှင့် စိတ်ကြွဆေးများကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly