၂၀၁၅-၁၆ ရာသီတွင် ဘာစီလိုနာအသင်း အမြတ်ငွေ ယူရို ၂၉ သန်းရရှိ

၂၀၁၅-၁၆ ရာသီတွင် ဘာစီလိုနာအသင်း အမြတ်ငွေ ယူရို ၂၉ သန်းရရှိ

ဇူလိုင် ၂၆၊ စပိန် ။             ။ ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘောလုံးရာသီတွင် ဝင်ငွေ ယူရို ၆၇၉ သန်း ရရှိခဲ့ကြောင်း အသင်း၏ဘဏ္ဍာရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။

လာလီဂါချန်ပီယံဘာစီလိုနာအသင်း၏ ဝင်ငွေမှာ တိုးတက်လာခဲ့ပြီး အခွန်ဆောင်အပြီးတွင် အမြတ်ငွေ ယူရို ၂၉ သန်း ရရှိကြောင်းလည်း တနင်္လာနေ့က ထုတ်ပြန်သော ထိုကြေညာချက်တွင် ပါရှိသည်။

ပြီးခဲ့သည့်ရာသီများက အရှုံးပေါ်ခဲ့သည့် ဘာစီလိုနာအသင်းသည် ယခုအမြတ်ငွေပြန်လည်ရရှိလာခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် တစ်နှစ်ဝင်ငွေ ၁ ဘီလီယံ ရရှိရန် အစီအစဉ်များချမှတ်ထားကြောင်း ဆိုသည်။

ထို့အပြင် အနာဂတ်အစီအစဉ်များတွင် အသင်း၏ဝင်ငွေတိုးတက်ရေး၊ အိမ်ကွင်းနူးကမ့်ကို အဆင့်မြှင့်တင်ရေးနှင့် ကွင်းပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ရေးများလည်း ပါဝင်သည်။

ဘာစီလိုနာအသင်း၏ ထုတ်ပြန်ကြေညာချက်တွင် အသင်း၏အဓိကစပွန်ဆာ ကာတာလေကြောင်းလိုင်းဖြင့် တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်းလည်း ပါရှိခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags