အမေရိကန်တွင် အစိုးရဝန်ထမ်း သန်း ၂၀ ကျော်၏ အချက်အလက်များ ဟက်ကာခိုးယူခံရ

အမေရိကန်တွင် အစိုးရဝန်ထမ်း သန်း ၂၀ ကျော်၏ အချက်အလက်များ ဟက်ကာခိုးယူခံရ

အမေရိကန်နိုင်ငံတွင် ဟက်ကာများက အစိုးရဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို ဟက်ကာဖောက်ထွင်း ခိုးယူရာ ဝန်ထမ်းပေါင်း အနည်းဆုံး ၂၁ ဒသမ ၅ သန်း၏ အချက်အလက်များကို ခိုးယူရရှိသွားကြောင်း တာဝန်ရှိသူများက ဇူလိုင် ၉ ရက်က ပြောကြားသည်။

ခိုးယူခြင်းခံရသည့် သတင်းအချက်အလက်များတွင် အစိုးရဌာနအလုပ်လျှောက်လွှာများ၊ အစိုးရကန်ထရိုက်စာချုပ်များနှင့် မိတ်ဖက်ကိုယ်စားလှယ် တစ်သန်းနီးပါး၏ အချက်အလက်များ ပါဝင်သွားကြောင်း ဝန်ထမ်းဆိုင်ရာ ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှုရုံးက ပြောသည်။

ခိုးယူခြင်းခံရသည့် သတင်းအချက်အလက်ပမာဏသည် ယခင်က ခန့်မှန်းထားချက်ထက် ငါးဆကျော် များပြားနေခြင်းဖြစ်သည်။

ယင်းသို့ အချက်အလက်များကို ဧပြီလအတွင်းက ဟက်ကာများက ဖောက်ထွင်းခိုးယူခဲ့ခြင်းဖြစ်ပြီး ထိုဟက်ကာဝင်ရောက်မှုကို တရုတ်နိုင်ငံက လုပ်ဆောင်ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။

တရုတ်အာဏာပိုင်များက ငြင်းဆန်ပြီး အမေရိကန်၏ အခြေအမြစ်မရှိသောစွပ်စွဲမှုအဖြစ် တုံ့ပြန်သည်။

ယခုကဲ့သို့ သတင်းအချက်အလက်များ ဖောက်ထွင်းခံရမှုကြောင့် လွှတ်တော်တွင် ကြားနာမှုများစွာပြုလုပ်ခဲ့ရသကဲ့သို့ အမေရိကန်၏ ဆိုင်ဘာလုံခြုံရေးအပေါ်ကို ဝေဖန်မှုများစွာ ဖြစ်ပေါ်ခဲ့ရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags