ရွှေ့ပြောင်းများ လိုက်ပါလာသော လှေတစ်စီး မလေးရှားတောင်ပိုင်း ပင်လယ်ပြင်တွင် နစ်မြုပ်၊ ၁၄ ဦး သေဆုံးပြီး ၁၂ ဦးပျောက်ဆုံးနေ

ရွှေ့ပြောင်းများ လိုက်ပါလာသော လှေတစ်စီး မလေးရှားတောင်ပိုင်း ပင်လယ်ပြင်တွင် နစ်မြုပ်၊ ၁၄ ဦး သေဆုံးပြီး ၁၂ ဦးပျောက်ဆုံးနေ

ဇူလိုင် ၂၅ ။              ။ မလေးရှားနိုင်ငံ တောင်ပိုင်း ဂျိုဟာ ပြည်နယ် ပြင်ပ ပင်လယ်ပြင်တွင် ယခုသီတင်းပတ်ကုန်က ရွှေ့ပြောင်းလှေတစ်စီး နစ်မြုပ်ခဲ့ရာ ယခုလက်ရှိအချိန်အထိ ရုပ်အလောင်း ၁၄ လောင်းကို ဆယ်ယူရရှိထားသည်ဟု မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က ဇူလိုင်လ ၂၅ ရက်တွင် ပြောသည်။

ယခုအခါ လှေနစ်မြုပ်မှုကြောင့် အခြား ၁၂ ဦး ပျောက်ဆုံးနေသည်ဟုလည်း သိရသည်။

အဆိုပါ လှေတွင်လိုက်ပါလာသူစုစုပေါင်း ၆၂ ဦးရှိပြီး အားလုံးမှာ တရားမဝင်ရွှေ့ပြောင်းသွားလာနေကြသည့် အင်ဒိုနီးရှား နိုင်ငံသားများဖြစ်ကြကြောင်း ပြည်တွင်း သတင်းမီဒီယာများက ဖော်ပြထားသည်။ ယင်းလှေမှာ ဇူလိုင်လ ၂၃ ရက် ညပိုင်းက လှိုင်းကြီးလေကြီးမှုကြောင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိအချိန်ထိ လှေပေါ်ပါရှိသူ ၃၄ ဦးကို ကယ်ဆယ်ထားနိုင်ပြီး ဆက်လက်ရှာဖွေကယ်ဆယ်မှုများလုပ်ဆောင်နေလျက်ရှိကြောင်း ဒေသရဲတပ်ဖွဲ့အကြီးအကဲ Rahmat Othman က ပြောသည်။ ကယ်ဆယ်ထားနိုင်သူများမှာ အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး ၂၆ ဦးတို့ ဖြစ်ကြသည်။

ရှာဖွေတွေ့ရှိထားသော ရုပ်အလောင်းများအနက် ကိုယ်ဝန်ခုနစ်လလွယ်ထားရသော အမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly