ဂွါဒီယိုလာကြောင့် ဘာစီလိုနာကို ငြင်းပယ်ပြီး မန်စီးတီးကို ရွေးချယ်ခဲ့ခြင်းဟု နိုလီတို ပြော

ဂွါဒီယိုလာကြောင့် ဘာစီလိုနာကို ငြင်းပယ်ပြီး မန်စီးတီးကို ရွေးချယ်ခဲ့ခြင်းဟု နိုလီတို ပြော

ဇူလိုင် ၂၅၊ အင်္ဂလန် ။            ။ မန်စီးတီးအသင်း၏ တိုက်စစ်မှူးသစ် နိုလီတိုက ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန် အခွင့်အရေးရခဲ့သော်လည်း ငြင်းပယ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုကဲ့သို့ ငြင်းပယ်ခဲ့ရခြင်းမှာ နည်းပြ ဂွါဒီယိုလာကြောင့်ဖြစ်ပြီး ပထမကစားသမားအဖြစ် ပွဲထွက်ခွင့် ရရှိရေးအတွက် ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုလိုက်သည်။

နိုလီတိုသည် ကစားသမားဘဝအစောပိုင်းက ဘာစီလိုနာ(ဘီ)အသင်းတွင် နည်းပြဂွါဒီယိုလာ၏လက်အောက်၌ ကစားခဲ့ဖူးသူ ဖြစ်သည်။

‘ပရီးမီးယားလိဂ်ကို လာပြီး နည်းပြဂွါဒီယိုလာရဲ့ လက်အောက်မှာ ကစားဖို့ ဆုံးဖြတ်ခဲ့တာက ကျွန်တော့်ကစားသမားဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုလို့ ထင်ပါတယ်။ သူက ကျွန်တော့်ကို ပထမပွဲထွက်ကစားသမားအဖြစ် ပွဲထွက်ခွင့်ပေးပါလိ့မ်မယ်။ ဒါကြောင့် မန်စီးတီးကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် အလွန်ပျော်ပါတယ်။

ဘာစီလိုနာအသင်းက ကျွန်တော့်ကို ခေါ်ဖို့ စိတ်ဝင်စားခဲ့လို့ ဂုဏ်ယူမိပါတယ်။ ဘာစီလိုနာမှာ မက်ဆီနဲ့ တွဲကစားခွင့်ရမှာက တကယ့်ကံထူးမှုပါပဲ။ ဒါပေမဲ့ အဲ့ဒီမှာ ပထမကစားသမားနေရာရဖို့ အာမခံချက်မရှိပါဘူး။ အခုမန်စီးတီးမှာ ကစားရမှာကို စိတ်လှုပ်ရှားနေပါပြီ။ ဒီအသင်းတွက် အကောင်းဆုံးအရာတွေ လုပ်ပေးနိုင်ဖို့ ကြိုးစားသွားမှာပါ’ ဟု နိုလီတိုက ပြောသည်။

ထို့အပြင် နိုလီတိုက သူနှင့်တွဲဖက်ကစားရမယ့် တိုက်စစ်မှူး အဂူရိုကို ချီးကျူးပြောဆိုခဲ့ပြီး မန်စီးတီးအသင်းမှာချန်ပီယံဆုကို ရရှိရန် လုံလောက်သည့်အင်အားရှိကြောင်းပြောဆိုခဲ့သည်။ ပရီးမီးယားလိဂ်မှာ လာလီဂါနှင့်ကွဲပြားခြားနားသောလိဂ်ဖြစ်ပြီး မန်စီးတီးနှင့် အမှတ်ပေးချန်ပီယံဖြစ်ရန် ကြိုးစားသွားမည်ဟုလည်း ၎င်းက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly