ဂျူဗင်တပ်စ်အသင်းအလိုရှိသည့် ကစားသမားစာရင်းတွင် ချယ်လ်ဆီးကွင်းလယ်လူမာတစ် ထိပ်ဆုံးမှဦးဆောင်

ဂျူဗင်တပ်စ်အသင်းအလိုရှိသည့် ကစားသမားစာရင်းတွင် ချယ်လ်ဆီးကွင်းလယ်လူမာတစ် ထိပ်ဆုံးမှဦးဆောင်

ဇူလိုင် ၂၅၊ လန်ဒန် ။              ။ ဂျူဗင်တပ်စ်အသင်းသည် ကွင်းလယ်လူပေါ့ဂ်ဘာ၏နေရာတွင် အစားထိုးရန် ကစားသမားသစ်ရှာဖွေလျက်ရှိနေပြီး ချယ်လ်ဆီးကွင်းလယ်လူ မာတစ်မှာ စီးရီးအေချန်ပီယံ အသင်းအလိုရှိသည့် ကစားသမားစာရင်း၌ ထိပ်ဆုံးမှပါဝင်လျက်ရှိသည်။

ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဂ်ဘာမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကျော်ဖြင့် မန်ယူသို့ ရောက်ရှိရန် သေချာသလောက်ရှိနေပြီဖြစ်သောကြောင့် ဂျူဗင်တပ်စ်အသင်းက ကစားသမားသစ် ရှိနေခြင်း ဖြစ်သည်။

မာတစ်မှာ ချယ်လ်ဆီးအသင်း၏အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သော်လည်း နည်းပြသစ်ကွန်တီက လက်စတာအသင်းမှ ပြင်သစ်ကွင်းလယ်လူကန်တီကို ခေါ်ယူလိုက်ခြင်းကြောင့် ချယ်လ်ဆီးကို စွန့်ခွာဖွယ်ရှိနေသည်။

ပေါ့ဂ်ဘာနေရာတွင် အစားထိုးရန် ဂျူဗင်တပ်စ်အသင်းလျာထားသည့် ကစားသမားစာရင်း၌ ဘာစီလိုနာမှ အာဂျင်တီးနားကွင်းလယ်လူ မာရှေယာနိုနှင့် ပြင်သစ်ကွင်းလယ်လူ ဆစ်ဆိုခိုတို့လည်း ပါဝင်နေသည်။

ဂျူဗင်တပ်စ်အသင်းသည် ပေါ့ဂ်ဘာကို ရောင်းချပြီး ရရှိခဲ့သည့်ငွေကြေးဖြင့် နာပိုလီတိုက်စစ်မှူး ဟီဂူအင်ကို ပေါင်သန်း ၇၀ ကျော်ဖြင့် ခေါ်ယူရန်လည်း ကြိုးပမ်းလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly