ဇလာတန်နှင့် အောင်မြင်သည့် တွဲဖက်များဖြစ်နိုင်မည်ဟု ရွန်နီယုံကြည်

ဇလာတန်နှင့် အောင်မြင်သည့် တွဲဖက်များဖြစ်နိုင်မည်ဟု ရွန်နီယုံကြည်

ဇူလိုင် ၂၅၊ အင်္ဂလန် ။           ။ မန်ယူအသင်း၏အသင်းခေါင်းဆောင်ရွန်နီက အသင်းဖော်သစ် ဇလာတန်အီဗရာဟီမိုဗစ်ချ်ကို လေးစားကြောင်းနှင့် ၎င်းတို့မှာ အောင်မြင်သည့် တွဲဖက်များဖြစ်နိုင်သည်ဟု ယုံကြည်ကြောင်း ပြောဆိုလိုက်သည်။

ထို့အပြင် ရွန်နီက မိုဗစ်ချ်သည် ချန်ပီယံတစ်ဦးဖြစ်ပြီး မန်ယူအသင်းတွင် ဆုဖလားများ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

‘မိုဗစ်ချ်က ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဘောလုံးလောကမှာ အကောင်းဆုံးတိုက်စစ်မှူး တစ်ဦးပါ။ သူကစားခဲ့တဲ့ အသင်းတိုင်းမှာ ဆုဖလားတွေ ရခဲ့ပါတယ်။ သူက ကြီးကျယ်ခမ်းနားတဲ့ အရည်အသေးနဲ့အကျင့်စရိုက်ရှိသူပါ။

မိုဗစ်ချ်နဲ့ တွဲဖက်လေ့ကျင့်သွားဖို့ စောင့်နေပါတယ်။ သူနဲ့ကျွန်တော် အတွဲအဖက်ညီတဲ့ တိုက်စစ်မှူးတွေဖြစ်လာမယ်လို့ ယုံကြည်ပါတယ်’ ဟု ရွန်နီက ပြောသည်။

မန်ယူပရိသတ်များမှာ တရုတ်နိုင်ငံတွင် မိုဗစ်ချ်၏ခြေစွမ်းကိုကြည့်ရှုရန် မျှော်လင့်ခဲ့ကြသော်လည်း မော်ရင်ဟိုက မိုဗစ်ချ်ကို အားလပ်ရက်ထပ်တိုးပေးခဲ့သည့်အတွက် စိတ်ပျက်ခဲ့ကြရသည်။ ထို့ကြောင့် မန်ယူပရိသတ်များမှာ မိုဗစ်ချ်၏ခြေစွမ်းကို လာမည့် ဇူလိုင် ၃၁ ရက်နေ့၌ ဂါလာတာစာရေးအသင်းနှင့်ကစားသည့်ပွဲစဉ်တွင်မှ ကြည့်ရှုရတော့မည် ဖြစ်သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly