အခွန်တိုးသော်လည်း ဝင်ငွေမတိုးသဖြင့် လူလတ်တန်းစားများ အိမ်ဝယ်နှုန်း တန့်နေ

အခွန်တိုးသော်လည်း ဝင်ငွေမတိုးသဖြင့် လူလတ်တန်းစားများ အိမ်ဝယ်နှုန်း တန့်နေ

မဇ္ဈိမပရိတ်သတ်များ မင်္ဂလာပါ။ ဒီတစ်ပတ် 7 Minutes အစီအစဉ်အတွက် မေးမြန်းဖို့ ရွေးချယ်ထားသူကတော့ မြန်မာ့အလှဆောက်လုပ်ရေး လုပ်ငန်းရဲ့ ဥက္ကဋ္ဌ ဦးကျော်ခိုင် ပဲဖြစ်ပါတယ်။ သူ့ကို မြန်မာနိုင်ငံရဲ့ လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းအခြေအနေ၊ နိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်း ဆက်စပ်မှု၊ အိမ်ခြံမြေဈေးကွက် ဆက်စပ်မှုအကြောင်း အရာတွေကို မေးမြန်းသွားမှာဖြစ်ပါတယ်။

လက်ရှိ ဆောက်လုပ်ရေးအခြေအနေကရော အကောင်းဘက်ကို သွားနေတယ်လို့ ပြောလို့ရလားရှင့်။

လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်း အခြေအနေကတော့ ကျွန်တော်ကတော့ စိတ်ရှည်သည်းခံရမယ့်အပိုင်း ရောက်နေပြီလို့ ယူဆရမှာပေါ့။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ အစိုးရ အပြောင်းအလဲလည်းဖြစ်တယ်။ လက်ရှိအခြေအနေက။ အပြောင်းအလဲဖြစ်တဲ့အခါကျတော့ ပထမ အစိုးရလုပ်သွားတဲ့ လုပ်ငန်းတွေကလည်း မပြီးပြတ်သေးဘူး။ နောက်လုပ်ငန်း နောက်အစိုးရကလည်း လုပ်ငန်းမစနိုင်တဲ့ စက်ကူးမက်ကူးမှာ လူတွေက အီနေတယ်ပေါ့နော်။ အဲတော့ အီနေတဲ့သဘောမျိုး ရှိနေတယ်ပေါ့နော်။ အထူးသဖြင့် ဒီ ဆောက်လုပ်ရေးလုပ်ငန်းဆိုတာ နှစ်ပိုင်းရှိတယ်လေ။   နှစ်ပိုင်းဆိုတာက လူလတ်တန်းစားတွေကို ရည်မှန်းပြီး ဆောက်တာများတယ်။ ဆောက်လုပ်ရေးလုပ်ငန်းက။ အခု တန်ဖိုးနည်းအိမ်ယာဆောက်တယ်ဆိုတာ အခုမှ ဆောက်တာပေါ့နော်။ အဲတော့ လူလတ်တန်းစားအတွက် ဆောက်တာဆိုတာ လူလတ်တန်းစား တိုင်းပြည်ရဲ့ ဝင်ငွေတွေကလည်း သိပ်တက်မလာတဲ့အခါကျတော့ လူလတ်တန်းစား အဝယ်တွေက နည်းတယ်။ နောက်တစ်ခုက အထူးသဖြင့် အခွန်ပေါ့နော်။ အခွန်က ပထမ ၁၅ ရာခိုင်နှုန်းကနေ အခု ၃၀ ရာခိုင်နှုန်း တက်လိုက်တဲ့အခါကျတော့ တော်တော်လေး အရောင်းအဝယ်တွေ တန့်ကန်တယ်လို့ သုံးသပ်ရတယ်။ အဲတော့ ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေ ရပ်တဲ့အခါကျတော့ တော်တော်များများ ဒီ ဆောက်လုပ်ရေးနဲ့ ဆက်နွယ်တဲ့ အရောင်းအဝယ်တွေကလည်း နှေးကုန်တယ်။ အလုပ်အကိုင်တွေကလည်း ရပ်ကုန်တယ်။ အလုပ်လက်မဲ့တွေလည်း ဖြစ်လာတဲ့အခြေအနေပေါ့။ အဲဒါလည်း ဖြစ်လာတာကို အန်ကယ်တို့ တွေ့ရတယ်။ ရေရှည်ကောင်းပေမယ့် အခု လောလောလတ်လတ်ကတော့ သိပ်ကောင်းတယ်လို့ ပြောလို့မရဘူး။

ဟုတ်ကဲ့ပါရှင့်။ ဒီ ဥပဒေပြုရေးအပိုင်းတွေပေါ့ စည်းမျဉ်းစည်းကမ်းအပိုင်းတွေကော လွန်ခဲ့တဲ့ ၅ နှစ်လောက်တည်းက ခေတ်နဲ့လျော်ညီအောင် ပြုပြင်တာတွေရှိတယ်။ ပြန်ပြီးတော့ ရေးဆွဲတာတွေရှိတယ်။ ဒါပေမယ့် ထိရောက်တာတွေကို သိပ်ပြီးမတွေ့ရဘူး။ လိုအပ်ချက်တွေလည်း တွေ့နေရတယ်ရှင့်။ အဲတော့ ဒီဆောက်လုပ်ရေးမှာ ကွန်ဒိုတွေ တည်ဆောက်ရေးပိုင်းတွေမှာပေါ့နော် လျော်ညီဖို့အတွက် လိုအပ်ချက်တွေ ရှိနေတယ်ဆိုလို့ရှိရင် ဥပဒေအပိုင်းကော တစ်ခုချင်းစီ နည်းနည်းလောက် ပြောပေးပါလားရှင်။

ဟုတ်ကဲ့ပါ။ ဥပဒေပိုင်းဆိုလို့ရှိရင် ကျွန်တော်တို့က ကွန်ဒိုမီနီယမ်လော အရဆိုရင် နိုင်ငံခြားသားတွေ ရောင်းလို့ရတယ်။ နိုင်ငံခြားသားတွေ ရောင်းလို့ရတယ်ဆိုတော့ တစ်ကမ္ဘာလုံးရဲ့ ဥပဒေက နိုင်ငံခြားသားက မြေပိုင်ဆိုင်မှု မရှိစေရဘူး။ အဲအတွက်ကြောင့် ကွန်ဒိုမီနီယမ်လောကမှာလည်း အထပ်မြင့် ခြောက်လွှာကနေ အထက်ကိုပဲ နိုင်ငံခြားသားကို ဝယ်ခွင့်ပြုမယ်။ နောက်ပြီးတော့ နိုင်ငံခြားသားက အကုန်လုံး ဝယ်လို့ရှိရင် မြေတွေပါ နိုင်ငံခြားသားတွေဆီ ပါသွားမယ်ဆိုတဲ့စိတ်က ရှိနေတယ်။ အဓိကအားဖြင့် ကျွန်တော်တို့ စီပွားရေး စီမံကိန်းလုပ်ငန်း လုပ်တဲ့ နိုင်ငံတော်အစိုးရပိုင်းက ဒါကို နည်းနည်းလေး စိုးရိမ်တဲ့အပိုင်းတွေ ရှိတာပေါ့။ စီးပွားရေးတံခါးကို ဖွင့်တော့ဖွင့်တယ် အရမ်းကြီးမဖွင့်ဘဲနဲ့ ဖွင့်လိုက် တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတဲ့သဘောမှာရှိတယ်။ အန်ကယ်တို့ နိုင်ငံတကာအတွေ့အကြုံနဲ့ ဝေဖန်ရမယ်ဆိုရင်တော့ တွန့်ဆုတ် တွန့်ဆုတ် သွားတာမျိုးမဟုတ်ဘဲနဲ့ သတ္တိရှိရှိနဲ့ ရှေ့ကိုသွားတာမျိုး ဥပမာ တရုတ်ပြည်လိုမျိုး ရှေ့ကို သတ္တိရှိရှိနဲ့သွားတယ်။ သွားချင်တဲ့သူလည်းရှိတယ်။ နောက်မြီးဆွဲပြီး ဖြေးဖြေးလုပ်ပါဆိုတဲ့သူလည်း ရှိတယ်။ အဲတော့ တင်ရှောက်ပင်လက်ထက်တုန်းက သတ္တိရှိရှိနဲ့ သွားတာဖြစ်တဲ့အတွက်ကြောင့် တရုတ်ပြည်ကြီးက ယနေ့ ဒီလို အောင်မြင်လာတယ်။ ဒါကြောင့် မြန်မာပြည်က ခေါင်းဆောင်ပိုင်းအနေနဲ့လည်း သတ္တိရှိရှိနဲ့ လုပ်ဖို့လိုတယ်။ တံခါးဖွင့်မယ်ဆိုရင်လည်း သေသေချာချာဖွင့်ပါ။ စိုးရိမ်စိတ်များနေမယ်ဆိုရင်တော့ အလုပ်မဖြစ်ဘူး။ အန်ကယ်တို့နိုင်ငံကလည်း နောက်ကျနေတာ များနေပြီလေ။ အဲတော့ လုပ်သွပ်သွပ်လေး လုပ်ငန်းကို လုပ်ဖို့ အန်ကယ့်အနေနဲ့ အကြံပြုလိုပါတယ်။

လက်ရှိလုပ်နေတဲ့ အထပ်မြင့် အဆောက်အဦးနဲ့ ပတ်သက်ပြီးတော့ကော ဘာပြောချင်လဲရှင့်။

ဟုတ်ကဲ့ပါ။  အလုံးတစ်ရာကျော်လောက်ကို အန်ကယ်တို့ ရပ်ဆိုင်းတယ်။ Project ပေါ့လေ။ ဆိုတော့ ရပ်ဆိုင်းတဲ့ အကြောင်းအရင်းကလည်းပဲ ပထမအစိုးရက လုပ်တဲ့အထဲမှာ အန်ကယ် ခုနကပြောသလိုပေါ့နော်။ အချို့သောလုပ်ငန်းတွေက ဟုတ်ပါတယ်။ တချို့လုပ်ငန်းတွေဆိုရင် လမ်းကကျဉ်းတယ်။ ခွင့်ပြုတဲ့ အဆောက်အဦးတွေကလည်း အရမ်းများတယ်။ နောက်ပြီးတော့လည်း နီးစပ်ရာ အဆင်ပြေသလို ခွင့်ပြုတာတွေလည်း ရှိတယ်ပေါ့။ အဲတော့ အခု အစိုးရအနေနဲ့ တကယ် မြို့ပြဖွံ့ဖြိုးရေးမှာ တကယ် ဖြစ်သင့်တဲ့ ပုံစံပေါ့လေ။ အထပ်မြင့်က ရှိတော့ ရှိသင့်တယ်။ အရမ်းအများကြီးဆိုတာ မမြင်ချင်ဘူး။ ရှိသင့်သလောက် အထပ်မြင့်ပဲလုပ်ပါ။ နောက်ပြီး လမ်းနဲ့စာလို့ရှိရင် အရမ်းမြင့်တဲ့ဟာမျိုးတွေ ရှိခြင်းအားဖြင့် မြင်ကွင်းလည်း ပိတ်တယ်ပေါ့နော်။ ပြောမယ်ဆိုရင် ကွန်းဆက်ပေါ့နော်။ ရှေ့အစိုးရရဲ့ Architectures ရဲ့ စိတ်ကူးနဲ့ အခုအစိုးရရဲ့ Architectures ရဲ့ စိတ်ကူး မတူညီဘူးပေါ့။ မတူတော့ အချို့လုပ်ငန်းရဲ့ ခွင့်ပြုခဲ့တဲ့ အစိတ်အပိုင်းကိုတော့ အန်ကယ်တို့ ခွင့်ပြုရတော့မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဆောက်လည်းဆောက်နေပြီကို။ အဲဒါမျိုးကို သွားပြီးတော့ နောက်အမြင်နဲ့ သွားပြီး ပိတ်မယ်ဆိုရင်တော့ လုပ်ငန်တွေက ကြန့်ကြာပြီးတော့ အထူးသဖြင့် နိုင်ငံခြားဖက်စပ်တွေ ရှိတဲ့အခါကျတော့ နိုင်ငံခြားသားတွေရဲ့ ယုံကြည်မှုကို တဖြေးဖြေး ထိပါးလာတယ်။ အန်ကယ်တို့ ရင်းနှီးမြှုပ်နံှမှုအပိုင်းမှာလည်း နိုင်ငံခြားသားတွေက အစိုးရတစ်ရပ်က လုပ်တဲ့ကိစ္စတစ်ခုကို နောက်အစိုးရတွေက အွန်နာမလုပ်ဘူးဆိုလို့ရှိရင် သူတို့ ဘယ်သူ့ကိုအားကိုးရမလဲ။ ဘယ်သူ့ကို ယုံကြည်ရမလဲလို့ မေးတဲ့အဆင့်ထိတောင် အန်ကယ်တို့ ရောက်လာပြီပေါ့နော်။ အဲဒါကို နောက်အစိုးရအနေနဲ့ ဆင်ခြင်ဖို့ကောင်းတယ်လို့ အန်ကယ့်အနေနဲ့ အကြုံပြုချင်ပါတယ်။

ဟုတ်ကဲ့ပါ။ ဒါဆို ရှေ့က လက်နဲ့ရေးတာကို နောက်က ခြေနဲ့ဖြတ်သလိုများ ဖြစ်နေလားရှင့်။ အဲဒီအပေါ်မှာကော။

အဲလိုတော့ မထင်မှတ်ဘဲနဲ့ပေါ့လေ တမင်မဟုတ်ပေမယ့် မထင်မှတ်ဘဲနဲ့ ရှေ့ပိုင်းအစိုးရ လုပ်ရပ်ကို နောက်ပိုင်း အစိုးရကသာ ဆက်ပြီးတော့ ဆက်မခံဘူး ဆက်ပြီးတော့ အသိအမှတ် မပြုဘူးဆိုရင် နောင်လာမယ့် အစိုးရကရော လက်ရှိအစိုးရ လုပ်နေတာကို ဒီလိုပဲ ဆက်သွားမယ်ဆိုရင် ဘယ်သူက လာပြီးတော့ ကိုယ့်နိုင်ငံကို ယုံယုံကြည်ကြည်နဲ့ အလုပ်လုပ်ပါ့မလဲ။ အဲဒါတော့ အန်ကယ်တို့ ရှိနေပါတယ်။ ဒါကြောင့် အတိတ်ကိုကြီးပဲ သိပ်ပြီးတော့ ပြန်သွားနေလို့ရှိရင် ရှေ့ကို မရောက်နိုင်တော့ဘူးပေါ့နော်။ အဲတော့ အန်ကယ်တို့ စကားပုံတစ်ခု ရှိပါတယ်။ ပစ္စုပ္ပန်နဲ့ အတိတ် ရန်ဖြစ်နေလို့ရှိရင် အနာဂါတ်ကို ဆုံးရှုံးဖို့ပဲ ရှိတယ်ဆိုတဲ့ စကားပုံ ရှိပါတယ်။ အင်္ဂလန်ဝန်ကြီးချုပ် နန်းရေးဝန် ဆာဝန်ဆန်ဆာရီ ပြောတဲ့စကားပါ။ ဒါကြောင့် တချို့ကိစ္စတွေကိုလည်းပဲ အတိတ်က ဖြစ်ပျက်ခဲ့တာကိုပဲ နည်းနည်းပါးပါး ပြုပြင်ပြီးတော့ ရှေ့ကို အနာဂါတ်ကို ဘယ်လိုကောင်းအောင် လုပ်မလဲဆိုတာကို သွားသင့်တယ်လို့ပဲ အန်ကယ်အနေနဲ့ မြင်ပါတယ်။

ဟုတ်ကဲ့ပါ။ ဒီ အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာ တည်ငြိမ်တဲ့ ဥပဒေတစ်ခုရှိဖို့ ဆက်စပ် အသက်ဝင်ဖို့ဆိုတာ တကယ်ကိုပဲ လိုအပ်နေပြီရှင့်။ အဲတော့ ဒီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ့မှုတွေကိုကော ဒါက အထင်သေးစရာ ဖြစ်နေလားပေါ့နော်။ ဒီလိုမျိုး ဖြစ်ရပ်တွေက။

အခုက ဘယ်လိုဖြစ်လဲဆိုတော့ အန်ကယ်တို့မှာ ဘာတွေ့လဲဆိုတော့ ရှေ့အစိုးရ နောက်အစိုးရ တွေ့တဲ့အခါကျတော့ ရှေ့အစိုးရ လုပ်တဲ့ဟာက မကောင်းဘူးလို့ တစ်ထစ်ချ ပြောရတာလည်း မဖြစ်သင့်ဘူးလို့ အန်ကယ်မြင်တယ်။ အစိုးရ တစ်ရပ်နဲ့ တစ်ရပ်ဆိုတာ ရှေ့အစိုးရရှိတယ်။ နောက်အစိုးရရှိတယ်။ နောင်အစိုးရရှိတယ်။ ဒီ နိုင်ငံကြီးကို တစ်ချိန်လုံး တစ်နှစ်တည်းနဲ့လည်း ပြီးအောင် တည်ဆောက်လို့မရပါဘူး။ နှစ်ပေါင်းများစွာ တည်ဆောက်ရမှာဆိုတော့ ရှေ့အစိုးရလုပ်တာကို အလယ်အစိုးရ နောက်အစိုးရ နားလည်ပြီးတော့ ပြင်သင့်တာတော့ ပြင်ပေါ့နော်။ လက်ခံသင့်တာတော့ လက်ခံပေါ့။ ဒါမှလည်းပဲ နောက်အစိုးရအနေနဲ့ အခုအစိုးရ လုပ်တဲ့ဟာကိုလည်းပဲ ဆက်ပြီးတော့ ကျွန်တော်တို့ အွန်နာ လုပ်မှသာလျှင် ဆက်စပ်မှုရှိမှာပါ။ မဟုတ်လို့ရှိရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ့မှု လုပ်တဲ့သူတွေက အစိုးရအပေါ် အယုံအကြည်မရှိ ဖြစ်ကုန်လိမ့်မယ်။

ဟုတ်ကဲ့ပါအန်ကယ်ရှင့်။ အခုလိုမျိုး 7 Minutes အစီအစဉ်မှာ ပါဝင်ပေးတဲ့အတွက် ကျွန်မတို့အစီအစဉ်ကနေ အထူးပဲ ကျေးဇူးတင်ပါတယ်ရှင့်။

ဟုတ်ကဲ့။ ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly