အားလပ်ရက် အပန်းဖြေခရီးမှ စောစောပြန်လာပြီး ဘာစီလိုနာအသင်းနှင့် မက်ဆီ ပူးပေါင်း

အားလပ်ရက် အပန်းဖြေခရီးမှ စောစောပြန်လာပြီး ဘာစီလိုနာအသင်းနှင့် မက်ဆီ ပူးပေါင်း

ဇူလိုင် ၂၄၊ စပိန်  ။              ။ ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီသည် အားလပ်ရက်အပန်းဖြေခရီးမှ စောစောပြန်လာခဲ့ပြီး အသင်း၏ရာသီကြို လေ့ကျင့်မှုတွင် ပူးပေါင်းပါဝင်မည် ဖြစ်သည်။

မက်ဆီမှာ အာဂျင်တီးနားအသင်းနှင့်အတူ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲအထိ ကစားထားသည့်အတွက် ဘာစီလိုနာအသင်းက ၎င်းကို အားလပ်ရက် ရက်ပိုပေးထားခြင်းဖြစ်သည်။

သို့သော်မက်ဆီက အားလပ်ရက်မှ စောစောပြန်လာခဲ့ပြီး အင်္ဂလန်သို့သွားမည့် ဘာစီလိုနာအသင်းနှင့် ပူးပေါင်းမည်ဖြစ်သည်။

‘မက်ဆီက အားလပ်ရက်ကနေစောစောပြန်လာပြီး အသင်းနဲ့ပူးပေါင်းမှာ ဖြစ်ပါတယ်။ တူရကီကွင်းလယ်ကစားသမား အာဒါတူရန်နဲ့ မက်ဆီတို့ အတူတူ အသင်းနဲ့ ပူးပေါင်းသွားမှာပါ’ ဟု ဘာစီလိုနာအသင်းက ထုတ်ပြန်ကြေညာသည်။

အင်္ဂလန်နိုင်ငံ St. George's Park လေ့ကျင့်ရေးကွင်းသို့ မက်ဆီ၊ ဆွာရက်ဇ်၊ အာဒါတူရန်၊ အက်ဒရီယာနို၊ မက်သီးယက်စ်၊ အလက်စ်ဗီဒယ်၊ ဒင်းနစ်ဆွာရက်ဇ်၊ တယ်လို၊ မွန်တိုယာစသည့် အသင်းကြီးမှ ကစားသမားများလိုက်ပါမည်ဖြစ်ပြီး လူငယ်ကစားသမားအများစု ပါဝင်မည် ဖြစ်သည်။

ဘာစီလိုနာအသင်းသည် ဇူလိုင်လ ၃၀ ရက်နေ့တွင် ဒူဘိုင်း၌ ဆဲလ်တစ်အသင်းနှင့် အင်တာနေရှင်နယ်ချန်ပီယံဖလားပြိုင်ပွဲ ကစားမည် ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags