အဆိုတော် ဒရေ့ခ်၏ One Dance တေးသီချင်း ဗြိတိန်တေးဂီတဇယားတွင် ထိပ်ဆုံးမှ ၁၅ပတ်ဆက်တိုက် ရပ်တည်

အဆိုတော် ဒရေ့ခ်၏ One Dance တေးသီချင်း ဗြိတိန်တေးဂီတဇယားတွင် ထိပ်ဆုံးမှ ၁၅ပတ်ဆက်တိုက် ရပ်တည်

နယူးယော့ခ်၊ ဇူလိုင် ၂၃ ။             ။ ကနေဒါ ရက်ပ်အဆိုတော် ဒရေ့ခ်၏ “ One Dance” တေးသီချင်းသည်  ဗြိတိန် တစ်ကိုယ်တော် တေးဂီတဇယားတွင် နံပါတ်တစ်နေရာမှ  သီတင်းပတ် ၁၅ ပတ်ဆက်တိုက် ရပ်တည်လျက်ရှိကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒရေ့ခ်၏ တစ်ကိုယ်တော်တေးသီချင်း  “ One Dance” သည် ဇယားတွင် ထိပ်ဆုံးမှ တောက်လျှောက် ကာလကြာရှည် ရပ်တည်မှု စံချိန်ကိုချိုးဖျက်ရန် ယခုအခါ သီတင်းပတ်နှစ်ပတ်သာ လိုတော့သည်။

ဘာရန်အဒမ်၏ တစ်ကိုယ်တော် တေးသီချင်း “ Everything I Do ( I Do It For You)” တေးသီချင်းသည်  လက်ရှိအချိန်တွင် နံပါတ်တစ်နေရာကို ကာလကြာရှည်ရယူထားသော စံချိန်တင်ခဲ့သည့်   တေးသီချင်းဖြစ်ပြီး ၁၉၉၁ ခုနစ်က သီတင်းပတ် ၁၆ပတ်ကြာ နံပါတ်တစ်နေရာမှ ရပ်တည်ခဲ့သည်။

နံပါတ်တစ်နေရာတွင် သီတင်းပတ် ၁၅ ပတ်ကြာနေရာယူထားသော နောက်ဆုံးတေးသီချင်းသည်  “ Wet Wet Wet’s Love Is All Around”ဖြစ်ပြီး ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့သည်။

“ One Dance” တေးသီချင်းသည် ယခုသီတင်းပတ်က နားဆင်သူ ၄ဒသမ၃၃ သန်းရှိခဲ့ကြောင်း နှင့် တေးသီချင်း၏ကာဗာ ဗားရှင်းကို ဗီဒီယိုများရယူနိုင်သော ဝက်ဆိုဒ်တွင် နားဆင်နိုင်သော်လည်း ဒရေ့ခ်၏ မူရင်းဗားရှင်းကို ၎င်း၏တရားဝင်အကောင့်တွင်သာ ရရှိနိုင်သည်။

ဗြိတိန်တစ်ကိုယ်တော် တေးဂီတဇယားတွင် ဂျိုနက်စ်ဘလူး၏ “ Perfect Strangers” တေးသီချင်းသည် နံပါတ် ၂ နေရာ ၊ Chainsmokers အဖွဲ့၏ “ Don’t Let Me Down” တေးသီချင်းသည် နံပါတ် ၃ နေရာတွင် ရပ်တည်နေပြီး ကာလမ်စကော့၏ “ Dancing On My Own” တေးသီချင်းသည် နံပါတ် ၄ နေရာတွင် ရပ်တည်နေကာ ကောင်းစ်၏ “ This Girl” တေးသီချင်းသည် နံပါတ် ၅ နေရာတွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags