မိုုင်းလားအဖွဲ့ မုုိင်ဂျာယန် အစည်းအဝေးသုုိ့ လေ့လာသူအနေဖြင့် တက်ရောက်မည်

မိုုင်းလားအဖွဲ့ မုုိင်ဂျာယန် အစည်းအဝေးသုုိ့ လေ့လာသူအနေဖြင့် တက်ရောက်မည်
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ပထမဦးဆုံးအကြိမ် ရန်ကုန်မြို့NRPC ရုံးတွင် တွေ့ဆုံဆွေးနွေးနေစဉ်
ဓာတ်ပုံ - Myanmar Peace Center

ချင်းမိုင်၊ ဇူလိုင် ၂၃  ။              ။ ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံ ညီအစည်းအဝေးသို့ မိုင်းလား (အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော်(NDAA))အဖွဲ့ က လေ့လာသူအနေဖြင့် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၂ ရက်က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)နှင့် မိုင်းလားအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပြီးနောက် အစည်းအဝေး တစ်ရပ် ကျင်းပ၍ မိုင်ဂျာယန်မျက်နှာစုံညီ အစည်းအဝေးသို့ လေ့လာ သူ အဖြစ် တက်ရောက်မည်ဟု NDAA မှ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က ပြောသည်။

“ကျနော်တို့ မနေ့က UNFC နဲ့ တွေ့ဆုံပြီးတော့ ကျနော်တို့လည်းအစည်းအဝေး လုပ်ပြီး။ လေ့လာသူအနေနဲ့ တက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျနော်တို့ လေး၊ ငါးဦး တက်ရောက်ပါမယ်”ဟု မဇ္ဈိမကို ပြောသည်။

နိုင်ဟံသာ ဦးဆောင်သောအဖွဲ့သည် မကြာသေးမီက UNFC  ဥက္ကဌနှင့် ထိပ်သီးခေါင်းဆောင်များ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများ၊ မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်ဟု သူက ပြောသည်။

ယနေ့ ဇူလိုင်လ ၂၃ ရက်တွင်လည်း UNFCမှ နိုင်ဟံသာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပန်ဆန်း မြို့သို့ သွားရောက်၍ UWSA ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနေသည်ဟုလည်း သိရသည်။

ဇူလိုင်လ ၂၆ မှ ၂၉ ရက်ထိ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာ စုံညီ အစည်းအဝေး တက်ရောက်ရန် မိုင်းလားနှင့် " ၀ "  အဖွဲ့တို့ကို သွားရောက် ဖိတ်ကြားရန် ဇူလိုင်လ ၁၁ ရက်က ကျင်းပသော UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မိုင်းလားနှင့် " ဝ "အဖွဲ့လည်း မိုင်ဂျာယန်အစည်းအဝေး တက်ရောက်ပါဝင်နိုင်ရန် သွားရောက်ဖိတ်ကြားခြင်း ဖြစ်သည်ဟု နိုင်ဟံသာက ဇူလိုင်လ ၁၁ ရက်က မဇ္ဈိမကို ပြောဆိုထားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၁ ဖွဲ့နှင့် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နှင့် ပြည်တွင်း မှ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)နှင့် ညီနောင်တိုင်း ရင်း သား ဖက် ဒရေးရှင်း(NBF)တို့ကိုလည်း ကိုယ်စားလှယ် ၅ ဦးစီ ဖိတ်ကြားခဲ့ရာ ၎င်းအဖွဲ့များလည်း တက်ရောက် ကြ မည်ဖြစ်ကြောင်း သိရသည်။

ယခင်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့လည်း ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်သည်။

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးသည် လာမည့် သြဂုတ်လကုန်ပိုင်းတွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်း ချမ်းရေး-၂၁ ရာစု ပင်လုံ ညီလာခံအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကြိုတင်ပြင် ဆင် ခြင်နှင့် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံ ဘုံသဘောတူညီချက်များ ရ ယူရန် ကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags