ရုရှ လူစွန့်စားတစ်ဦး မီးပုံပျံစီးကာ အမြန်ဆုံး ကမ္ဘာပတ်နိုင်သူအဖြစ် စံချိန်သစ်တင်

ရုရှ လူစွန့်စားတစ်ဦး မီးပုံပျံစီးကာ အမြန်ဆုံး ကမ္ဘာပတ်နိုင်သူအဖြစ် စံချိန်သစ်တင်

ရုရှ နိုင်ငံသား လူစွန့်စားတစ်ဦးဖြစ်သည့် ဖေဒါ ကိုနူကော့ဗ် ဆိုသူသည် တစ်ကိုယ်တော် မီးပုံပျံစီးကာ ၁၁ ရက်တည်းဖြင့် ကမ္ဘာတစ်ပတ်ပတ်နိုင်သူအဖြစ် ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အသက် ၆၄ နှစ်ရှိပြီဖြစ်သည့် ကိုနူကော့ဗ်သည် ၎င်း၏ တစ်ကိုယ်တော် ကမ္ဘာပတ်မီးပုံပျံခရီးစဉ်ကို  ဇူလိုင်လ ၁၂ ရက် သြစတြေးလျနိုင်ငံအနောက်ပိုင်း နော်သမ်မြို့မှ စတင်ထွက်ခွာခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ ၁၁ ရက်တည်းဖြင့် ကမ္ဘာပတ်နိုင်သူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းအရင် ၂၀၀၂ ခုနှစ်က စတိဗ် ဖော့ဆက်တ် ဆိုသူသည် ၁၃ ရက်နှင့် နေ့တစ်ပိုင်းဖြင့် စံချိန်တင်ထားခဲ့ခြင်းဖြစ်သည်။

အမြင့်ပေ မီတာ ၁၀,၀၀၀ ခန့်တွင် ပျံသန်းစီးနင်းလာခဲ့စဉ်အတွင်းက မစ္စတာ ကိုနူကော့ဗ်မှာ ပြင်းထန်သည့် အပူအအေးအချိန်တို့နှင့် ရင်ဆိုင်ခဲ့သကဲ့သို့ အဆိုးဆုံးအဖြစ် အနှုတ် ၅၆ ဒီဂရီဆဲစီးယက်စ်အထိ အခြေအနေနှင့်ပါ ရင်ဆိုင်ခဲ့ရသည်ဟု သိရသည်။

အလားတူ ၎င်းသည် အပူပေးသည့်စနစ် လုပ်ဆောင်မရသည့်အဖြစ်နှင့်ပါ ရင်ဆိုင်ခဲ့ရပြီး လျှပ်စစ် မိုးကြိုးမုန်တိုင်းနှင့်ပါ ကြုံတွေ့ခဲ့ရသည်ဟု ABC သတင်းဌာနက ဖော်ပြသည်။

" ခုလိုမျိုး ကမ္ဘာပတ်နိုင်ခဲ့တဲ့အဖြစ်က တကယ့်ကို မယုံကြည်စရာပါပဲ၊ သူလုပ်နိုင်ခဲ့ပါတယ်၊ တော်တော်လေးကို ကံကောင်းခဲ့တာလဲ ပါပါတယ်" ဟု ကိုနူကော့ဗ်၏ အရင်းနှီးဆုံးမိတ်ဆွေတစ်ဦးဖြစ်သည့် ဒစ် စမစ်သ်က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly