မော်ရင်ဟိုလက်အောက်တွင် နံပါတ် ၁၀ နေရာအတွက်စိတ်လှုပ်ရှားနေသည်ဟု ရွန်နီပြော

မော်ရင်ဟိုလက်အောက်တွင် နံပါတ် ၁၀ နေရာအတွက်စိတ်လှုပ်ရှားနေသည်ဟု ရွန်နီပြော

ဇူလိုင် ၂၃၊ ပေကျင်း ။             ။ မန်ချက်စတာယူနိုက်တက်တွင် မော်ရင်ဟို၏လက်အောက်၌ နံပါတ် ၁၀ အခန်းကဏ္ဍမှကစားရမည်ကို စိတ်လှုပ်ရှားနေသည်ဟု ရွန်နီက ပြောသည်။

အသက် ၃၀ အရွယ်ကစားသမားသည် ဗန်ဟားလ်လက်ထက်နှောင်းပိုင်းက ကွင်းလယ်ဗဟိုကစားသမားတစ်ဦးအဖြစ်ကစားခဲ့ရ သကဲ့သို့ ယူရို ၂၀၁၆ ပြိုင်ပွဲဝင်အင်္ဂလန်အသင်းတွင်လည်း အလားတူနေရာမှ ကစားခဲ့ရသည်။

သို့သော် ယူနိုက်တက်နည်းပြသစ်မော်ရင်ဟိုသည် ပထမဆုံးသတင်းစာရှင်းလင်းပွဲတွင် ရွန်နီကိုကွင်းလယ်ကစားသမားအဖြစ် စဉ်းစားမည်မဟုတ်ကြောင်းပြောဆိုခဲ့သဖြင့် အင်္ဂလန်အသင်းခေါင်းဆောင်မှာ နောက်ထပ်နေရာသစ်တစ်ခုကစားရမည်မဟုတ်၍ စိတ်သက်သာရာရခဲ့သည်။

“လွတ်လွတ်လပ်လပ်နီးပါးကစားရမယ့်နေရာမှာကစားဖို့အတွက် ကျွန်တော်စိတ်လှုပ်ရှားနေပါတယ်။ နံပါတ် ၁၀ အခန်းကဏ္ဍမှာ ကစားရမယ်လို့သူက ကျွန်တော့်ကိုပြောထားပါတယ်။

အဲဒီနေရာက ကျွန်တော်နဲ့သင့်တော်ပြီး ဂိုးလည်းသွင်းနိုင်မယ့်နေရာပါ။ ကျွန်တော့်ဘဝတစ်လျှောက်လုံး ဂိုးတွေသွင်းခဲ့လို့ ကျွန်တော့်ရဲ့ဂိုးသွင်းစွမ်းရည်အတွက် သံသယမရှိပါဘူး”ဟု ရွန်နီက ပြောသည်။
မော်ရင်ဟို၏ပြောဆိုထားမှုအရ ရွန်နီသည် အထောင်တိုက်စစ်မှူးတစ်ဦး၏နောက်တွင် ကစားခွင့်ရမည်ဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly