အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေက မြန်မာပြည်အတွက် ဘယ်လောက်အရေးပါ သလဲ

အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေက မြန်မာပြည်အတွက် ဘယ်လောက်အရေးပါ သလဲ

မြန်မာနိုင်ငံက ကုန်ပစ္စည်းအမှတ်တံဆိပ်၊ ပြီးတော့ ကိုယ်ပိုင်စိတ်ကူးနဲ့ထုတ်လုပ်ထားတဲ့ တီထွင်မှုလုပ်ငန်း ကဏ္ဍတွေကို ကြည့်ရင် အသိဉာဏမူပိုင်ခွင့်ကို အားထားလုပ်ကိုင်နေရတဲ့ အခြေအနေတော့ မရှိသေးပါဘူး။ ဒီမူပိုင်ခွင့် ဥပဒေ ထွက်ရှိလာဖို့ အရင်အစိုးရသက်တမ်းအတွင်း လွှတ်တော်ကိုတင်ပြခဲ့တာရှိပေမယ့် အခုအချိန်အထိတော့ အတည် ပြုပြဌာန်းနိုင်ဖို့ စောင်းဆိုင်းနေရတဲ့ အခြေအနေ လည်းဖြစ်ပါတယ်။ အခုဒါနဲ့ ပတ်သတ်တဲ့ သတင်းတစ်ပုဒ်ရှိပါတယ်။

တီထွင်ဖန်တီးမှုနဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို တစ်ဦးတည်း ဒါမှမဟုတ် ကုမ္ပဏီပိုင်တစ်ခုတည်းက ပိုင်ဆိုင် ပါ တယ် ဆိုတာကို အများပြည်သူကိုသိစေဖို့က ဥပဒေကအာမခံပေးနိုင်မှ တရားဝင်မှာဖြစ် ပါတယ်။ ဒီလိုမျိုး အသိဉာ ဏပစ္စည်း ပိုင်ဆိုင်တာနဲ့ ပတ်သတ်တဲ့ မူပိုင်ခွင့်ဥပဒေကို ၂၀၁၅ ခုနှစ် ဇူလိုင်လကလွှတ်တော်မှာတင်ပြဆွေးနွေးခဲ့ပြီး ဖြစ်ပေမယ့် အခုထိတော့ အတည်ပြုဥပဒေထွက်ပေါ်လာခြင်း မရှိသေးတဲ့အခြေအနေပါ။

ဒါက ပြည်တွင်းစီးပွားရေးအတွက် ဘယ်လောက်အထိအရေးပါနေပြီလဲ။

"Intellectual property (IP law)ပေါ့နော် အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ပေါ့နော်။ အဲဒါကလည်း ကျတော်တို့အတွက် အရမ်းအရေးကြီးပါ  တယ်။ တချို့ဆိုရင် ကျတော်တို့ဆီမှာရှိတဲ့လုပ်ငန်းရှင်တွေ မရှိမဲ့ရှိမဲ့နဲ့ ရှိသမျှရောင်းချပေါင်းနှံပြီးတော့ ကိုယ့်ရဲ့ စိတ် ထဲမှာရှိနေတဲ့ အိုင်ဒီယာတွေကို တီထွင်တယ်၊ထုတ်လုပ်တယ်၊ ဒါပေမယ့် နောက်တနေ့မှာ အဲဒါတွေကို ကော်ပီကူးခံ လိုက်ရတယ်။" လို့ Nara Green (လက်ဖက်လုပ်ငန်း)ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်သီဟက ပြောပါတယ်။

ဥပဒေပညာရှင် ဦးရှိန်အနေနဲ့ မူပိုင်ခွင့်ဥပဒေသာအတည်ပြုထွက်ပေါ်လာမယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်း တော်တော်များများဖြစ်လာမယ်လို့ သုံးသပ်ထားပါတယ်။

အများကြီးရလာနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကြီးကဥပဒေပေါ်လာရင် ဒီဥပဒေနဲ့ ဆက်နွယ်နေတဲ့ အခုဗမာပြည်မှာဆိုရင် တော်တော်များများ လူတစုကပဲလုပ်စားနေကြတာလေ။ မှတ်ပုံလေးတင် လိုက်မယ် ဒီလောက် ပဲရှိတယ်လေ၊ တကယ်တမ်းဒီဟာကြီးဖြစ်လာမယ်ဆိုရင် ဒီဘွဲ့ရပြီးတဲ့ လူတယောက်အနေနဲ့ နိုင်ငံတ ကာမှာ ကာစတန်အေးဂျင့်ပုံစံမျိုး IP အေးဂျင့်ပေါ်လာလိမ့်မယ်။ အဲလိုစနစ်တွေ ပေါ်လာရင် လုပ်ငန်းအခွင့် လမ်း က အမြောက်အမြားထွက်လာနိုင်ပါတယ်"လို့ ဥပဒေပညာရှင် ဦးရှိန်က ပြောပါတယ်။

လက်ရှိမြန်မာ့စီးပွားရေးကို အကောင်းရှုမြင်မှုတွေရှိနေပေမယ့် ဆင်းရဲချမ်းသာကွဟမှုပြဿနာနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖန်းတီးပေးနိုင်မှုပြဿနာကလည်းရင်ဆိုင်နေရတဲ့အခြေအနေပါ။ ပြည်တွင်း စီးပွားရေးလုပ်ငန်း တွေကို ကြည့်မယ်ဆိုရင်လည်း ငါးပွက်ရာငါးစာချ စီးပွားရေးတွေက အမြစ်တွယ်နေတုန်းဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဆိုရင်လည်းသံယံဇာတပစ္စည်းအပေါ်မှာလုပ်ကိုင်ကြ တာကများနေပြီး ကုန်ထုတ် လုပ်ငန်းဆိုတာမျိုးက သိပ်များများစားစားတော့ ရှိတာမဟုတ်ပါဘူး။

ဒါနဲ့ ပတ်သက်ပြီးတော့ အသိဉာဏ်ပစ္စည်းဆိုင်ရာလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ (၂) ဒေါ်တင်ဥမ္မာထွန်းက " ကျမအမြင်ပြောရရင်တော့ ဒီဟာကြီးပွင့်သွားတယ်ဆိုရင်တော့ နိုင်ငံတကာမှာကျော်ကြားနေတဲ့ အမှတ် တံဆိပ်တွေ အများကြီးလာမှာပဲ။ အရင်တုန်းကတော့ မလာဘူးပေ့ါနော်။အခုကြတော့ အ များကြီးလာမှာပေါ့။ နိုင်ငံတကာက လာတယ်ဆို စီးပွားရေးအနေနဲ့ ရင်းနှီးမြှပ်နှံတဲ့သူတွေ ပေါ်လာမယ်။ စက်ရုံတွေ ဆောက်လာမယ် ဒီမှာတင် လိုင်စင်တွေပေးမယ်။ ကုန် သွယ်ရေးပိုင်းက ကြည့်ရင် ၅၀ ရာခိုင်နှုန်းလောက်ပိုတိုးတက်လာမယ်လို့ ထင်တယ်" လို့ ဆိုပါတယ်။

 အခုအချိန်ကိုတော့ မြန်မာနိုင်ငံရဲ့ အစလို့တော့ အများကပြောဆိုသုံးသပ်ကြပါ တယ်။ နှစ်ပေါင်းအတော်ကြာ အထီးကျန်ခဲ့တာကြောင့် မြန်မာ့ဖွံ့ဖြိုးမှုအတွက် ဥပဒေပြုရေး အခန်းကဏ္ဍကလည်း အများကြီး နောက်ကျ ကျန်ခဲ့တဲ့ အခြေအနေလို့ လည်းသုံးသပ်မှုတွေရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly