မြန်မာနိုင်ငံ ဓါတုလက်နက် တားဆီးရေး အဖွဲ့ဝင် ဖြစ်လာပြီ

မြန်မာနိုင်ငံ ဓါတုလက်နက် တားဆီးရေး အဖွဲ့ဝင် ဖြစ်လာပြီ
 မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား OPCW ခေါင်းဆောင်များနှင့်အတူတွေ့ရစဉ် - OPCW

ဇူလိုင် ၉ ။       ။ မြန်မာက ဓါတုလက်နက်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကို တရားဝင်သဘောတူညီလိုက်သဖြင့် ဓါတုလက်နက်ပိတ်ပင်တားဆီးရေးအဖွဲ့(OPCW) ၏ ၁၉၁ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် ပါဝင်လာသည်။

OPCW အဖွဲ့ကြီးက ဇူလိုင်၉ တွင်ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းသည် မြန်မာ၏ လျင်မြန်သောပြုပြင်ပြောင်းလဲရေး ကာလ တွင် နောက်ထပ်ခြေလှမ်း တစ်ခုလည်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အဖွဲ့ဝင်ဖြစ်မှုမှာ ရက်ပေါင်း ၃၀ အတွင်း အသက်ဝင်မည်ဖြစ်ပြီး အဖွဲ့မဝင်ရသေးသည့် နိုင်ငံများစာရင်း၌ အန်ဂိုလာ၊ အီဂျစ်၊ အစ္စရေး၊ မြောက်ကိုရီးယားနှင့် တောင်ဆူဒန်တု့ိသာ ကျန်ရှိနေသေးသည်။

"မြန်မာနိုင်ငံဟာ သဘောတူညီချက်အရ တာဝန်တွေကို ဖြည့်ဆည်းဖို့ ကတိကဝတ်ပြုထားပြီးဖြစ်ပါတယ်။ ဓါတုလက်နက် လုံးဝကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်လာဖို့ကို အခြားနိုင်ငတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။" ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

OPCW သည် ၂၀၁၃ ခုနှစ်က ဆီးရီးယားမှ ဓါတုလက်နက်များ ရှင်းလင်းရာတွင် ကြိုးပမ်းအားထုတ်မှုများ အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရရှိခဲ့သည်။

Ref; Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly