မိုးလေဝသနှင့် ရေကြောင်း ထူးခြားဖြစ်စဉ်များစောင့်ကြည့်ရန် မိုးလေဝသစောင့်ကြည့် ဘွိုင်ကို မန္တလေး ဂေါ၀ိန်ဆိပ်၌ တပ်ဆင်ထား

မိုးလေဝသနှင့် ရေကြောင်း ထူးခြားဖြစ်စဉ်များစောင့်ကြည့်ရန် မိုးလေဝသစောင့်ကြည့် ဘွိုင်ကို မန္တလေး ဂေါ၀ိန်ဆိပ်၌ တပ်ဆင်ထား

မန္တလေး၊ ဇူလိုင် ၂၁ ။              ။ မိုးလေဝသနှင့် ရေကြောင်းဆိုင်ရာအချက်အလက် ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တပြေးညီသိရှိပြီး ပြည်သူလူထုအား ကြိုတင်သတိပေးနိုင်ရန်အတွက် မိုးလေဝသ စောင့်ကြည့်ဘွိုင်(Weather Sration Buoy)ကို ဧရာဝတီ မြစ်(မန္တလေး) ဂေါဝိန်ဆိပ်ကမ်းတွင် တပ်ဆင်ထားသည်ဟု မန္တလေးတိုင်းဒေသကြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောသည်။

အဆိုပါ စောင့်ကြည့်ဘွိုင်(Weather Station Buoy) များကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်း များဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် သြစတြေလျနိုင်ငံ၊ PENTAIR Environment System တို့ပူးပေါင်း၍ ဇူလိုင် ၁၇ ရက်က စတင်၍ တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

ရေအရင်းအမြစ်ဦးစီးဌာနမှ Component -3 ဒါရိုက်တာ ဦးအောင်မျိုးခိုင်က " weather sensor က တဆင့် အချိန်နဲ့အမျှအချက်အလက်တွေကို Website တင် ပေးနေမယ်။  အဲဒီအချက်အလက်တွေနဲ့ Analysis လုပ်ပြီး မိုးလေဝသနဲ့ရေ ကြောင်း ဆိုင်ရာ ထူးခြားဖြစ်စဉ်တွေရှိလာရင် ပြည်သူကို ကြိုတင်အသိပေးနိုင်မယ်"ဟု ပြောသည်။

အဆိုပါ ကိရိယာမှ လေတိုက်နုန်းနှင့် လေ၏လားရာဘက်တိုင်းတာခြင်း၊ Barometric pressure တိုင်းတာခြင်း၊ ဖြစ်ပေါ် နေ သည့် အပူချိန်အမျိုးမျိုး စသည့် ရာသီဥတုနှင့် သက်ဆိုင်သည့် တိုင်းတာမှု ၁၀မျိုးလုပ်ဆောင်ပေးမှာ ဖြစ်ပြီး တိုင်း တာမှု Data များကို အင်တာနက်မှ တဆင့် Website သို့ ပို့ပေးမည်ဖြစ်ကာ အဆိုပါ Website ကို Installation ပြုလုပ် လျက်ရှိပြီး  Website Installation ပြီးသွားပါက အချက်အလက်များကို ကြည့်ရှု့နိုင်မည် ဖြစ်သည်။

ထို့အပြင် အင်းဝ (စစ်ကိုင်းတံတား)တွင် ဧရာဝတီမြစ်ရေစီးနှုန်းနှင့် ရေမျက်နှာပြင်အမြင့် တိုင်းတာသည့် ရေဒါလည်း တပ်ဆင်ထားကြာင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly