ခရီးသွားရင်း ဖုန်းပွတ်သူအများဆုံးနိုင်ငံက ထိုင်းနိုင်ငံဖြစ်

ခရီးသွားရင်း ဖုန်းပွတ်သူအများဆုံးနိုင်ငံက ထိုင်းနိုင်ငံဖြစ်

ဘန်ကောက်၊ ဇူလိုင် ၂၁ ။               ။ ခရီးသွားလာချိန်တွင် ပြင်ပမြင်ကွင်းကြည့်ရှုလေညှင်းခံခြင်းထက် ဖုန်းသုံးနေခြင်းဖြင့် ခရီးသွားချိန်ကို ပိုကုန်စေလာကြကြောင်း Hotels.com က သုတေသနထုတ်ပြန်သည်။

နိုင်ငံပေါင်း ၃၁ နိုင်ငံတွင် ပါဝင်သူပေါင်း ၉၂၀၀ ဖြင့် သုတေသနပြုချက်အရ ခရီးသွားရင်း ဖုန်းဖြင့် လူမှုမီဒီယာများပေါ်တွင် အချိန်ကုန်စွဲလမ်းမှုတွင် ထိုင်းနိုင်ငံက အများဆုံးဖြစ်ကြောင်း ထုတ်ပြန်သည်။

ပျမ်းမျှတွက်ကြည့်မည်ဆိုလျှင် ထိုင်းနိုင်ငံသားများသည် တစ်နေ့ကို ပြင်ပမြင်ကွင်း ကြည့်ရှုခြင်း နှစ်နာရီမျှ ပျမ်းမျှ ရှိသော်လည်း နှိုင်းယှဉ်ကြည့်လျှင် ဖုန်းပွတ်ကာ လူမှုမီဒီယာသုံးစွဲကြသည့်အချိန်က တစ်နေ့ လေးနာရီမျှ ရှိနေကြောင်း ယင်းသုတေသနတွင် ဖော်ပြသည်။

ထိုအချိန်အတိုင်းအတာက ထိပ်တန်း ကိုးနိုင်ငံတွင် ဖုန်းသုံးကာ လူမှုမီဒီယာကြည့်ရှုချိန် အများဆုံးအချိန်ဖြစ်ကြောင်း ပြောသည်။

ထိုင်းနိုင်ငံနောက်တွင် အိန္ဒိယနိုင်ငံက ဖုန်းဖြင့် လူမှုမီဒီယာတွင် အချိန်ကုန်ချိန်က ပျှမ်းမျှ တစ်နေ့ ၃ ဒဿမ ၃ နာရီ၊ မလေးရှားက ၃ ဒဿမ ၂ နာရီနှင့် တရုတ်နိုင်ငံက ၃ ဒဿမ ၁ နာရီ အသီးသီးရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags