ဘောလိဝုမင်းသမီး Katrina ဖေ့စ်ဘွတ်ခ် စာမျက်နှာ ဖွင့်လှစ်

ဘောလိဝုမင်းသမီး Katrina ဖေ့စ်ဘွတ်ခ် စာမျက်နှာ ဖွင့်လှစ်

လူမှှုမီဒီယာများနှင့် ခပ်စိမ်းစိမ်းနေလေ့ရှိသော အိန္ဒိယ မင်းသမီးချော Katrina Kaif သည် ပြီးခဲ့ သည့် သောကြာနေ့က သူ၏ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာကို စတင်ဖွင့်လှစ်ခဲ့ကြောင်း Hindustantimes သတင်းမီဒီယာက ရေးသားဖော်ပြထားသည်။

အသက် ၃၂ နှစ်ပြည့် မွေးနေ့ အမှတ်တရတစ်ရပ်အဖြစ် ဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်ရာ ပရိသတ်များအနေဖြင့် ဘောလိဝုကြယ်ပွင့်အတွက် မွေးနေ့ဆုတောင်းများ ရေးသားခွင့်ရသွားခဲ့သည်။

မင်းသမီး Katrina ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ စတင်ဖွင့်လှစ်အပြီး ငါးရက်အကြာတွင် follower ပေါင်း လေးသန်းခွဲကျော် ရရှိထားပြီး ဖြစ်သည်။ မင်းသမီး Katrina ၏ ဖေ့စ်ဘွတ်ခ် လိပ်စာ မှာ https://www.facebook.com/KatrinaKaif ဖြစ်သည်။

Katrina မှာ ဗြိတိန်နိုင်ငံသူဖြစ်ပြီး သရုပ်ဆောင်ကြေးအမြင့်ဆုံး ဘောလိဝု မင်းသမီးများ စာရင်းတွင် သူလည်းပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly