တရုတ်ရှယ်ယာစျေးကွက် အကျကြမ်းနေသည့် ကာလအတွင်း စျေးပြန်လည် ထိုးတက်လာ

တရုတ်ရှယ်ယာစျေးကွက် အကျကြမ်းနေသည့် ကာလအတွင်း စျေးပြန်လည် ထိုးတက်လာ

တရုတ်နိုင်ငံ ရှယ်ယာဈေးကွက် ကသောင်းကနင်းအခြေအနေကို ဈေးကွက်ကြပ်မတ်သူများက တည်ငြိမ်ရေး ထိန်းသိမ်းနေခြင်းကြောင့် တရုတ်ပြည်မ ရှယ်ယာဈေးကွက်က ဇူလိုင် ၉ ရက်တွင် ပြန်လည်ထိုးတက်လာခဲ့သည်။

ရှန်ဟိုင်းရှယ်ယာအညွန်းကိန်းတွင် ဆုံးရှုံးမှုများမှ ပြန်လည် ထူမတ်လာခဲ့ပြီး အညွန်းကိန်း ၅ ဒသမ ၇၆ ရာခိုင်နှုန်း ရှိနေခဲ့ရာ ၂၀၀၉ ခုနှစ်မှစတင်ကာ အကြီးမားဆုံးပြန်လည်ထောင်တက်လာခြင်းဖြစ်သည်။

အကြီးစားရင်းနှီးမြုပ်နှံသူများကို ရှယ်ယာရောင်းချခြင်းမပြုရန်တားမြစ်လိုက်သည့် လုပ်ဆောင်မှုက ဈေးကွက်အထောက် အပံ့ဖြစ်စေခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း သုတေသီများက ပြောသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံအတွင်းရှယ်ယာဈေးကွက်တွင် တားမြစ်ချက်ကို ချိုးဖောက်ကာ ရှယ်ယာရောင်းချခြင်းများကို ရဲဌာနက စုံစမ်းစစ်ဆေးလျက်ရှိနေကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနတွင် ဖော်ပြသည်။

စည်းမျဉ်းဥပဒေကို ချိုးဖောက်ကာ ရှယ်ယာလုပ်ငန်းများလုပ်ဆောင်နေခြင်းများကို အာဏာပိုင်များက ဖြိုခွင်းအရေးယူသွား မည်ဖြစ်ကြောင်းလည်း ဆင်ဟွာတွင်ဖော်ပြသည်။

ရှန်ဟိုင်းစံအမှတ်ဈေးကွက်အညွန်းကိန်းတွင် လက်ရှိတွင် အညွန်းကိန်း ၂၀၂ ဒသမ ၁၄ မှတ်တက်ကာ ၃၇၀၉ ဒသမ ၃၃ သို့ရောက်ရှိကာ ဈေးကွက်ပိတ်ခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly