အိန္ဒိယမှာ အရက်တု သောက်သုံးမှုကြောင့် အနည်းဆုံး လူ (၂၅) ဦး သေဆုံး

အိန္ဒိယမှာ အရက်တု သောက်သုံးမှုကြောင့် အနည်းဆုံး လူ (၂၅) ဦး သေဆုံး
(ဓာတ်ပုံ - အီးပီအေ)

ဇူလိုင်လ (၁၈) ရက်နေ့က အိန္ဒိယမြောက်ပိုင်း  ဥတ္တရာ ပါယာဒေ့ချ်မှာ အရက်တုတွေ သောက်သုံးမိရာကနေ လူ (၂၅) ဦး သေဆုံးပြီး အယောက် (၂၀) ကို ဆေးရုံတင်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အယ်ဒါခရိုင်မှာ သောကြာနေ့ညက လူယောင်္ကျား (၄၅) ဦးဟာ အရက်တုတွေကို သောက်သုံးခဲ့တာဖြစ်ကြောင်း ဒေသရဲစခန်းထံမှ သိရပါတယ်။

အရက်တုတွေကို ရောင်းချနေတဲ့ ဒေသခံတစ်ဦးကို ဖမ်းဆီးထားကြောင်းလည်း ရဲအဆိုရ သိရပါတယ်။

ဈေးပေါတဲ့ မှောင်ခို အရက်တုတွေကို အိန္ဒိယရှိ မြို့တွေရဲ့ ဆင်းရဲမွဲတေတဲ့ နေရာများနဲ့ ကျေးလက်ဒေသ အများစုမှာ သုံးစွဲနေကြတာဖြစ်ပါတယ်။

ပိုးသတ်ဆေးများနှင့် အခြားအန္တရာယ်ရှိ ပစ္စည်းများဖြင့် ရောနှောထားတဲ့ အရက်တွေက လူကို ချက်ချင်း အဆိပ်အတောက်ဖြစ်စေပြီး သေစေနိုင်တဲ့အထိ ဖြစ်စေပါတယ်။

ပြီးခဲ့တဲ့ နှစ်က မွန်ဘိုင်မြို့ ဆင်ခြေဖုံးမှာ အရက်တုတွေ သောက်သုံးရကာနေ အနည်းဆုံး လူ (၁၀၅) ဦး သေဆုံးပြီး (၄၆) ဦးမှာ ဆေးရုံရောက်ရှိခဲ့ပါတယ်။

အဆိုးဝါးဆုံး အဆိပ်အတောက်ဖြစ်ပွားမှုကိုတော့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလက အရှေ့ပိုင်းပြည်နယ် အနောက်ဘင်ဂါးမှာ ဖြစ်ပွားခဲ့ပြီး အရက်တု သောက်သုံးမှုကြောင့် လူ (၁၃၀) ကျော် သေဆုံးခဲ့ပါတယ်။

Ref: EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly