ထိုင်းနိုင်ငံ တတ်ခ်ခရိုင်ရှိ ရွှေ့ပြောင်းအလုပ်သမား ၂၀ ရာခိုင်နှုန်းကျော်တွင် တီဘီရောဂါ ကူးစက်ခံထားရ

ထိုင်းနိုင်ငံ တတ်ခ်ခရိုင်ရှိ ရွှေ့ပြောင်းအလုပ်သမား ၂၀ ရာခိုင်နှုန်းကျော်တွင် တီဘီရောဂါ ကူးစက်ခံထားရ

တက်ခ်၊ ဇူလိုင် ၁၉  ။            ။ ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်ရုံးတွင် မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်းအလုပ်သမား  ၁၈၀၀၀ အနက်  ဆေးစစ်မှုခံယူခဲ့သူ ၅၀၀ တွင် ၁၀၀ ခန့်မှာ တီဘီရောဂါပိုး ကူးစက်ခံထားရပြီး ကုသမှုလိုအပ်နေကြာင်း သိရသည်။

အမျိုးသားဥပဒေပြုလွှတ်တော်၏ ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလုပ်ငန်းနှင့် အလုပ်သမားရေးရာ ကော်မတီက အဆိုပါ မှတ်ပုံတင်ဌာနအား သွားရောက်စစ်ဆေးခဲ့ရာ ယခုကဲ့သို့ ရောဂါကူးစက်ခံ ထားရသူများ၏ စာရင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

"ဆေးစစ်ခံထားတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂၀ ရာခိုင်နှုန်းဟာ ကူးစက်မှုဖြစ်ပွားနိုင်တဲ့ ဒီရောဂါပိုးကို သယ်ဆောင်ထားကြပါတယ်။ ဒီကိစ္စဟာ ပြဿနာကြီးတစ်ရပ် ဖြစ်နေပါပြီ" ဟု ကော်မတီ ဥက္ကဌ ဆင်ဆွတ်ဆင်ပိုင်းက ပြောကြားပြီး ကျန်းမာရေးနှင့် အလုပ်သမားဝန်ကြီးဌာနများသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရ၏ မူဝါဒသစ်အရ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား အလုပ်သမားများအတွက် တစ်နေရာတည်းအပြီး မှတ်ပုံတင်ဌာနများကို ဧပြီ ၁ ရက်မှ ဇူလိုင် ၂၉ ရက်အထိ နိုင်ငံအနှံ့တွင် ဖွင့်လှစ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags