ယာဉ်မောင်းလိုင်စင်ရပြီးနောက် သီတင်းပတ်နှစ်ပတ်အကြာ ရဲတပ်ဖွဲ့၏ တားဆီးမှုကို ခံခဲ့ရတဲ့ လေဒီဂါဂါ

ယာဉ်မောင်းလိုင်စင်ရပြီးနောက် သီတင်းပတ်နှစ်ပတ်အကြာ ရဲတပ်ဖွဲ့၏ တားဆီးမှုကို ခံခဲ့ရတဲ့ လေဒီဂါဂါ

လော့စ်အိန်ဂျလိစ် ၊ ဇူလိုင် ၁၈ ။         ။ ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါသည် ဇူလိုင် ၁၆ရက်က ကာလီဖိုးနီးယားပြည်နယ် မာလီဘူ မြို့ ပစိဖိတ်ကမ်းခြေ အဝေးပြေးလမ်းမကြီးပေါ်တွင် ၎င်း၏ Ford F-150 SVT Lighting အမှတ်တံဆိပ် အနီရောင်ထရပ်ကားကို မောင်းနှင်းလာစဉ်  ယာဉ်စည်းကမ်းချိုးဖောက်မှုအတွက် ရဲတပ်ဖွဲ့၏ တားဆီးမှု ကို ခံခဲ့ရသည်။

လေဒီဂါဂါသည် ကာလီဖိုးနီယားပြည်နယ်မှ ယာဉ်မောင်းလိုင်စင်ကို ရရှိပြီးနောက် သီတင်းပတ် နှစ်ပတ်အကြာတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

”ကျွန်မ ရဲတပ်ဖွဲ့ရဲ့ တားဆီးမှုကို ခံခဲ့ရတယ်။ ကျွန်မကားအသစ်အတွက် လိုင်စင်နံပါတ်ပြား တောင် မရသေးပါဘူး။ ပြည်နယ်တစ်ခုနဲ့တစ်ခုဟာ မတူညီကြဘူး။ ကာလီဖိုးနီးယားပြည်နယ်မှာဆိုရင် လိုင်စင်နံပါတ်ပြားကို မေးလ်ကနေတစ်ဆင့် ယာဉ်မောင်းသူတွေဆီကို ပို့ပေးပါတယ်”ဟု လေဒီဂါဂါက တွစ်တာတွင် ပြောကြားထားသည်။

ဇူလိုင်လအစောပိုင်းက ယာဉ်မောင်းလိုင်စင် ရရှိပြီးနောက် လေဒီဂါဂါက ကားအသစ် ယာဉ်မောင်းခုံတွင်ထိုင်ကာ ရိုက်ထားသော ၎င်း၏ ဓာတ်ပုံနှင့်အတူ ”ကျွန်မ သင်မောင်းလိုင်စင်နဲ့ နှစ်ပေါင်းများစွာကြာ ကားမောင်းခဲ့တယ်။ နောက်ဆုံးမှာတော့ ကျွန်မ ယာဉ်မောင်းလိုင်စင်ကို ရရှိခဲ့ပါ ပြီ။ ကျွန်မအခု လွတ်လပ်သွားပြီ။ မိတ်ဆွေတွေနဲ့အတူ အပြင်ကို အလည်အပတ်လျှောက်သွားတော့ မယ်” ဟူသော စာသားများကို ရေးသားကာ အင်စတာဂရမ်တွင် တင်ခဲ့သည်။

လေဒီဂါဂါသည် ယခုလအစောပိုင်းက ယာဉ်မောင်းလိုင်စင် ရရှိခဲ့သည့်အခါ အပျော်လွန်သွား ပုံရကြောင်း  ET သတင်းဌာနက အစောပိုင်းတွင် ပြောကြားခဲ့သည်။

ယာဉ်စည်းကမ်း ချိုးဖောက်မှု အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်းနှင့် မည်သည့် အသေးစားပြစ်မှုအတွက် လေဒီဂါဂါ  ticket ရရှိခြင်း ရှိမရှိနှင့် စပ်လျဉ်း၍ ရှင်းရှင်းလင်းလင်း မသိရသေးချေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags