ချန်ပီယံလိဂ်ဖလားရယူရန် ဂျူဗင်တပ်စ်တွင် ပေါ့ဂ်ဘာဆက်ရှိနေမည်ဟု နည်းပြ အယ်လီဂရီပြော

ချန်ပီယံလိဂ်ဖလားရယူရန် ဂျူဗင်တပ်စ်တွင် ပေါ့ဂ်ဘာဆက်ရှိနေမည်ဟု နည်းပြ အယ်လီဂရီပြော

ဇူလိုင် ၁၈၊ အီတလီ ။             ။ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ၏ အပြောင်းအရွှေ့သတင်းများမှာ တစ်ပတ်နှင့်တစ်ပတ် မရိုးနိုင်အောင် ထွက်ပေါ်လျက်ရှိပြီး ယခု ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက အသင်းတွင် ပေါ့ဂ်ဘာဆက်ရှိနေမည်ဟု ပြောဆိုလိုက်သည်။

ပေါ့ဂ်ဘာကို မန်ယူက ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဖြင့် ခေါ်ယူရန် အေးဂျင့်ရွိုင်အိုလာနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးပြီဟု သတင်းများထွက်ပေါ်နေသော်လည်း အယ်လီဂရီက ဂျူဗင်တပ်စ်အသင်းသည် လက်ရှိတွင် ဥရောပ၏ထိပ်သီးလေးသင်းစာရင်းဝင် အသင်းဖြစ်ပြီး ကစားသမားရောင်းချသည့်ကလပ်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

‘အင်္ဂလိပ်တွေရဲ့ ကောလာဟလတွေအတွက် စိတ်မပူမိပါဘူး။ လက်ရှိမှာ ဂျူဗင်တပ်စ်က ဥရောပထိပ်သီးလေးသင်းစာရင်းဝင်ဖြစ်လို့ ဘယ်သူပဲဖြစ်ဖြစ် တူရင်ကလပ်ကို စွန့်ခွာဖို့ အသေအချာစဉ်းစားပါလိ့မ်မယ်။

ဂျူဗင်တပ်စ်က ကစားသမားတွေထွက်သွားချင်တိုင်း ရောင်းချနေတဲ့ ကလပ်မဟုတ်ပါဘူး။ ပေါ့ဂ်ဘာကို ဂျူဗင်တပ်စ်အသင်းက ပိုင်ပါတယ်။ နောက်ဆုံးမှာ ပေါ့ဂ်ဘာဟာ နောက်ထပ်စီးရီးအေဆုဖလားတွေကို လိုချင်ပြီး ချန်ပီယံလိဂ်ဖလားရယူဖို့ မျှော်လင့်လာပါလိ့မ်မယ်’ ဟု အယ်လီဂရီက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly