လိင်ဆက်ဆံလိုသူများရှာပြီး ဆယ့်သုံးနှစ်သမီးငယ်အား အတင်းအကျပ် ဆက်ဆံခိုင်းခဲ့သည့် မိခင်နှင့် ပထွေးဖြစ်သူကို ဖမ်းဆီး

လိင်ဆက်ဆံလိုသူများရှာပြီး ဆယ့်သုံးနှစ်သမီးငယ်အား အတင်းအကျပ် ဆက်ဆံခိုင်းခဲ့သည့် မိခင်နှင့် ပထွေးဖြစ်သူကို ဖမ်းဆီး

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်တွင် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးကို သူ့မိခင်ရင်းနှင့် ပထွေးဖြစ်သူတို့က နှစ်နှစ်ကြာ အတင်းအကျပ် ပြည့်တန်ဆာလုပ်ခိုင်းခဲ့သဖြင့် ဖမ်းဆီးခဲ့ရသည်။

အသက် ဆယ့်သုံးနှစ်အရွယ် ယင်းမိန်းကလေးကို ရဲတပ်ဖွဲ့က ကယ်တင်ခဲ့ပြီး နိုင်ငံပိုင် စောင့်ရှောက်ရေးဂေဟာတွင် ထားရှိပေး ထားသည်။

မိဘဖြစ်သူများက သူနှင့် လိင်ဆက်ဆံလိုသူများကို ရှာလာပြီး ယင်းအမျိုးသားများနှင့် အတင်းအကျပ်အိပ်စေခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများအား မိန်းကလေးဖြစ်သူက ပြန်လည်ပြောပြခဲ့သည်။

မိန်းကလေးဖြစ်သူ၏ မိခင်ကိုယ်တိုင်လည်း သမီးအား ဖောက်သည်တစ်ယောက်လျှင် ရူပီ ၃၀၀၀(ဒေါ်လာ ၄၇ ဒေါ်လာ) ယူကာ အိပ်စေခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနတစ်ခုသို့ ဝန်ခံပြောကြားသည်။

အဆိုပါအသက်မပြည့်သေးသည့် မိန်းကလေးနှင့် လိင်ဆက်ဆံခဲ့သူ၄၀ တွင် ၂၅ ဦးကို သိရှိဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း ရဲကပြော သည်။

ယခုအမှုနှင့် ပတ်သက်ပြီး ကြားထဲက ပွဲစားလုပ်သူတစ်ဦးအပါအဝင် လူ ဆယ်ဦးကို ဖမ်းဆီးထားသည်။ အသက် ၃၇ နှစ်ရှိ မိန်းကလေးမိခင်ဖြစ်သူတွင် ကလေး စုစုပေါင်း ခုနစ်ဦးရှိပြီး အကြီးဆုံးမှာ ၂၄ နှစ်ရှိပြီး အငယ်ဆုံးကလေးမှာ လေးနှစ် အရွယ် ရှိသည်။

ပထွေးဖြစ်သူမှာ ကားသမားတစ်ဦးဖြစ်ပြီး မိန်းကလေးပုံကို ပြကာ ဖောက်သည်များ ရှာလာခြင်းဖြစ်ကြောင်း ရဲကပြောသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly