ဘိုင်ယန်မြူးနစ်နောက်ခံလူ ဘီနာတီယာကို ဂျူဗင်တပ်စ် ခေါ်ယူ

ဘိုင်ယန်မြူးနစ်နောက်ခံလူ ဘီနာတီယာကို ဂျူဗင်တပ်စ် ခေါ်ယူ

ဇူလိုင် ၁၇၊ အီတလီ ။               ။ ဘိုင်ယန်မြူးနစ်အသင်းမှ မော်ရိုကိုလက်ရွေးစင်နောက်ခံကစားသမား ဘီနာတီယာသည် စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းသို့ တစ်နှစ်အငှားစာချုပ်ဖြင့် ရောက်ရှိသွားပြီ ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ဘီနာတီယာ၏ အငှားစာချုပ်အတွက် ပေါင် ၂.၅ သန်းပေးချေရမည်ဖြစ်ပြီး ကစားသမား၏ခြေစွမ်းကို နှစ်သက်ပါက နောက်ရာသီသစ်တွင် ပေါင် ၁၄.၃ သန်းဖြင့် အပြီးသတ်ခေါ်ယူမည် ဖြစ်သည်။

ဘီနာတီယာသည် အူဒီးနီးစ်နှင့်ရိုးမားအသင်းတို့တွင် ကစားခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်က ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ခဲ့ကာ ယခု စီးရီးအေသို့ တစ်ကျော့ပြန်လာခဲ့ခြင်း ဖြစ်သည်။

ဘီနာတီယာသည် နည်းပြဂွါဒီယိုလာ၏လက်အောက်တွင် ၄၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့သည်။ ဘိုင်ယန်အသင်းနှင့်အတူ ဘွန်ဒက်စ်လီဂါဖလားနှစ်ကြိမ်၊ ဂျာမန်ပိုကယ်ဖလား တစ်ကြိမ် ရရှိခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းက ယခုနှစ်တွင် ဒေါ့တ်မွန်အသင်းမှ ၎င်းတို့၏နောက်ခံလူဟောင်း ဟမ်မဲလ်ကို ပြန်လည်ခေါ်ယူခဲ့သည့်အတွက် ဘီနာတီယာသည် ပွဲထွက်ခွင့်ရရှိရန် ဂျူဗင်တပ်စအသင်းသို့ ပြောင်းရွှေ့သွားခဲ့ခြင်း ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly