ပြင်သစ်တွင် လူအုပ်အတွင်း ကားဖြင့် လိုက်တိုက်ကာ တိုက်ခိုက်ခဲ့သည့် နိစ်မြို့ တိုက်ခိုက်မှု ပတ်သက်သူ ငါးဦးအား ဖမ်းဆီး

ပြင်သစ်တွင် လူအုပ်အတွင်း ကားဖြင့် လိုက်တိုက်ကာ တိုက်ခိုက်ခဲ့သည့် နိစ်မြို့ တိုက်ခိုက်မှု ပတ်သက်သူ ငါးဦးအား ဖမ်းဆီး

ပါရီ၊ ဇူလိုင် ၁၆ ။              ။ ပြင်သစ်နိုင်ငံ နိစ်မြို့၌ လူပေါင်း ၈၄ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုနှင့် ချိတ်ဆက်ပတ်သက်မှုရှိသည်ဟု သံသယရှိရသူ ငါးဦးကို ရဲက ဖမ်းဆီးထားကြောင်း ပါရီရှေ့နေရုံးက ပြောသည်။

သုံးဦးအား ဇူလိုင် ၁၆ ရက်တွင် ဖမ်းဆီးခဲ့ကာ နှစ်ဦးကို ဇူလိုင် ၁၅ က်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခဲ့သူများတွင် တိုက်ခိုက်သူ၏ ကွာရှင်းထားသော ဇနီးဖြစ်သူလည်း ပါဝင်ကြောင်း Le Monde သတင်းက ဖောြ်ပသည်။

ဇူလိုင် ၁၄ ရက်က အမျိုးသားနေ့အထိမ်းအမှတ် ကျင်းပရာ လူအုပ်အတွင်း မိုဟာမတ်လာဟို့အီဂျီဆိုသူက လော်ရီကားမောင်းဝင်ကာ ကားဖြင့် လူအများအား လိုက်တိုက်ကာ တိုက်ခိုက်ခြင်းဖြစ်သည်။ ၎င်းအား ရဲက အသေပစ်ခတ်နှိမ်နှင်းခဲ့ရသည်။

အဆိုပါ တိုက်ခိုက်မှုက ၎င်းတို့ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ပြန်သည်။

အိုင်အက်စ်နှင့် ချိတ်ဆက်သည့် သတင်းဌာနတစ်ခုဖြစ်သော Amaq Agency က "အိုင်အက်စ်အား တိုက်ခိုက်နေသည့် ညွန့်ပေါင်းအဖွဲ့က နိုင်ငံသားများကို ပစ်မှတ်ထားပြီး တုံ့ပြန်လိုက်ခြင်းဖြစ်ကြောင်း" ဖော်ပြခဲသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် သမ္မတဖရန့်ဆွာအော်လန်အတွက် သမ္မတရာထူးနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ရှိလာသည်။

အစွန်းရောက်လုပ်ရပ်အဖြစ် တိုက်ခိုက်မှုအား ဆိုကာ သမ္မတအော်လန်က နိုင်ငံတွင် သုံးလတာ အရေးပေါ်အခြေအနေ သတ်မှတ်ခဲ့သည်။

အသက် ၃၁ နှစ်အရွယ် တူရကီနိုင်ငံဖွားဖြစ်သည့် မိုဟာမတ်လာဟို့အီဂျီက တစ်မိုင်ကျော် ခရီးအကွာအဝေးအထိ လမ်းပေါ် သွားလာနေကြသော လူအုပ်ကို ကားဖြင့် လိုက်တိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှု၌ ကလေးငယ် ဆယ်ဦးအပါအဝင် လူပေါင်း ၈၄ ဦးသေဆုံးကာ ဒဏ်ရာရသူ ၂၀၂ ဦးရှိပြီး ၅၂ ဦးက စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly