ကမ္ဘာ့ကြေးအမြင့်ဆုံး မင်းသားဖြစ်လာတဲ့ Dwayne ‘ The Rock’ Johnson

ကမ္ဘာ့ကြေးအမြင့်ဆုံး မင်းသားဖြစ်လာတဲ့ Dwayne ‘ The Rock’ Johnson

နယူးယော့ခ်၊ ဇူလိုင် ၁၆ ။           ။ ကမ္ဘာကျော်မင်းသား Dwayne ‘ The Rock’ Johnson သည် ၎င်းပါဝင်သရုပ်ဆောင်ထားသော မကြာသေးမီကထွက်ရှိခဲ့သော  Furious 7 နှင့် ကမ္ဘာပျက်သောနေ့ ရုပ်ရှင်ကား “ San Andreas” ဇာတ်ကားတို့ဖြင့်  ပြီးခဲ့သည့်နှစ်က  အမေရိကန်ဒေါ်လာ ၆၄ဒသမ၅သန်း ဝင်ငွေရရှိခဲ့ပြီး ကမ္ဘာ့ကြေး အမြင့်ဆုံး သရုပ်ဆောင်မင်းသားအဖြစ် Forbe မဂ္ဂဇင်း၏ နှစ်စဉ်ပြုလုပ်နေကျ အနုပညာရှင် ၁၀၀ စာရင်းတွင် ဖော်ပြခံခဲ့ရသည်။

Forbes မဂ္ဂဇင်း၏ ကြေးအမြင့်ဆုံးအနုပညာရှင်များစာရင်း အစိတ်အပိုင်းတစ်ရပ်အဖြစ် ဇူလိုင် ၁၄ရက်က ထုတ်ပြန်ခဲ့ရာ တေလာဆွစ်ဖ်သည် အမေရိကန်ဒေါ်လာ သန်း၁၇၀ ဝင်ငွေရရှိမှုဖြင့် ထိပ်ဆုံး တွင် ရပ်တည်ခဲ့သည်။ ဗြိတိန် One Direction အဖွဲ့သည် အမေရိကန်ဒေါ်လာ သန်း ၁၁၀ ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

ကြေးအမြင့်ဆုံး ရရှိသည့် သရုပ်ဆောင်မင်းသားစာရင်းတွင် ဝင်ငွေအများဆုံး ရရှိသည့် မင်းသားကြီးများ ရှိနေဆဲဖြစ်သည်။ ဂျက်ကီချန်းသည် အမေရိကန်ဒေါ်လာ ၆၁ သန်းဖြင့် ကမ္ဘာ့ဒုတိယ ကြေးအမြင့်ဆုံး သရုပ်ဆောင်မင်းသားအဖြစ် ဖော်ပြခြင်းခံခဲ့ရသည်။ သရုပ်ဆောင်မင်းသားများ ဖြစ်သော မက်ဒါမွန်၊ တွမ်ခရုစ်နှင့် ဂျွန်နီဒပ်တို့သည် ထိပ်တန်းငါးနေရာတွင် ပါဝင်နေသည်။

ဂျနီဖာလော်ရင့်စ်သည် အမေရိကန်ဒေါ်လာ ၄၆ သန်းဖြင့် ကမ္ဘာ့ကြေးအမြင့် သရုပ်ဆောင်မင်း သမီးအဖြစ် ရပ်တည်နေပြီး ကမ္ဘာကြေးအမြင့်ဆုံး သရုပ်ဆောင်မင်းသားထက် အမေရိကန်ဒေါ်လာ သန်း၂၀ ခန့် နည်းသည်။

Ghostbusters ကြယ်ပွင့် မဲလစ်ဆာမက်ကာသီသည် “Spy”ဇာတ်ကားအပါအဝင် မကြာသေး မီက အောင်မြင်မှုရရှိခဲ့သော ရုပ်ရှင်များကြောင့် အမေရိကန်ဒေါ်လာ ၃၃ သန်းဖြင့် ယခုနှစ်၏ ဒုတိယ ကြေးအမြင့်ဆုံး မင်းသမီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly