အိန္ဒိယနှင့် အမေရိကန် အခွန်သတင်း အချက်အလက် ဝေမျှရေးသဘောတူညီချက် လက်မှတ်ရေးထိုးမည်

အိန္ဒိယနှင့် အမေရိကန် အခွန်သတင်း အချက်အလက် ဝေမျှရေးသဘောတူညီချက် လက်မှတ်ရေးထိုးမည်

နယူးဒေလီ၊ ဇူလိုင်-၉။ ။ ဇူလိုင်လ ၉ရက်နေ့တွင် အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့ အခွန်သတင်း အချက်အလက် ဝေမျှရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြမည်ဖြစ်ပြီး၊ အမေရိကန် ဥပဒေအသစ်တစ်ရပ်အရ နိုင်ငံရပ်ခြားတွင် အမေရိကန်နိုင်ငံ သားများ၏ အခွန်ရှောင်မှုကို တိုက်ဖျက်ရန်ရွယ်သည့် စာချုပ်ဖြစ်သည်ဟု အိန္ဒယအစိုးရ သတင်းရင်းမြစ်နှစ်ခုနှင့် အမေရိကန်သံရုံး သတင်းရင်းမြစ်တစ်ခုအရ သိရှိရသည်။

ဝါရှင်တန်အစိုးရက ၂၀၁၀ခုနှစ်က ပြဌာန်းခဲ့သည့် နိုင်ငံခြားငွေစာရင်း အခွန်လိုက်နာမှုအက်ဥပဒေကို သက်ဝင်လွှမ်းမိုးစေရေး အတွက် အခွန်တရားစီရင်မှု ၈၀ကျော် အကြုံးဝင်နေသည့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ရာ၊ ကန်ဒေါ်လာ ၅၀၀၀၀ ထက်ပိုသည့် အမေရိကန်ငွေစာရင်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဘဏ္ဍာရေးအဖွဲ့အစည်းများက အမေရိကန်သို့ မျှဝေရန် လိုအပ်မည်ဖြစ်သည်။

သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် အိန္ဒိယအနေဖြင့်လည်း နိုင်ငံခြားအခွန်နိမ့်နေရာများတွင် အိန္ဒယနိုင်ငံသား များက သိုဝှက်ထားသည့် တရားမဝင်ငွေကြေးများကို ပြည်လည်ရယူပြီး အခွန်ဝင်ငွေကို မြှင့်တင်မည့် ၎င်း၏လှုပ်ရှားမှု အတွက် လည်း ဝါရှင်တန်၏ ထောက်ခံမှု ရလာနိုင်သည်။

ယမန်နှစ်က ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ၂၀၁၈ နှစ်ကုန်လောက်တွင် အခွန်သတင်းအချက်အလက်များကို အပြန်အလှန်ဖလှယ် ကြမည့်နိုင်ငံများထဲတွင် ပူးပေါင်းပါဝင်ခဲ့သည်။ သဘောတူညီချက်အရ ဘဏ်များ၊ ရံပုံငွေအဖွဲ့များ၊ အာမခံ၊ ပင်စင်နှင့် စတော့ပွဲ စားကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ အမေရိကန်ဖောက်သည်များနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို အမေရိကန်နှင့် ဝေမျှရန်အတွက် အခွန်ဌာနသို့ သတင်းပို့ရမည်ဖြစ်သည်ဟု အမည်မဖော်လိုသူ ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိ တစ်ယောက်က ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း အမေရိကန် အခွန်အာဏာပိုင်များနှင့် ဝေမျှမည့် ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် ပတ်သက်သော အချက်အလက်အမှန်များကို ထုတ်ပေးရတော့မည်ဖြစ်သည်။ ဤသဘောတူညီချက်ကြောင့် အိန္ဒိယ၏ ရှယ်ယာနှင့် ကြွေးဈေး ကွက်တွင် အသေးစားအမေရိကန် ရင်းနှီးမြှုပ်နှံသူများ၏ ရင်းနှီးမြှုပ်နှံမှု ခဏတာ ကျဆင်းသွားစေနိုင်သော်လည်း အခွန်ရှောင် သူများကြားတွင်မူ ပြစ်ဒဏ်ကို ကြောက်ရွံ့သည့်စိတ်များ ဖြစ်ပေါ်လာစေနိုင်သည်ဟုလည်း အခြားအရာရှိ တစ်ယောက်က ပြော ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly