အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်တွင် MIC အသင်း တတိယရရှိ

အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်တွင် MIC အသင်း တတိယရရှိ
အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်တွင် တတိယရခဲ့သည့် MIC အသင်း။(ဓာတ်ပုံ- MFF)

ဇူလိုင် ၁၆၊ ရန်ကုန်။                 ။ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၆ အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲဝင် မြန်မာဖူဆယ်ကလပ် MIC အသင်းမှာ ချန်ပီယံဖြစ်ရန်ရည်မှန်းထားသော်လည်း နိုင်ပွဲတစ်ပွဲသာရရှိခဲ့သည့်အတွက် တတိယနေရာလုပွဲသာ ကစားခဲ့ရကာ အင်ဒိုနီးရှားကလပ် Black Steel ကို ၇-၅ဂိုးဖြင့်အနိုင်ရပြီး တတိယရခဲ့သည်။

MIC အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဗီယက်နမ်ကလပ် ထိုင်ဆောင်နမ်အသင်းကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ဗိုလ်လုပွဲ တက်ရောက်ခွင့်နှင့် ဝေးခဲ့ပြီး တတိယနေရာလုပွဲသာ ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်သည်။ MIC အသင်းအနေဖြင့် တတိယနေရာလုပွဲတွငရင်ဆိုင်ခဲ့ရသည့် အင်ဒိုနီးရှားကလပ် Black Steel အသင်းနှင့် အုပ်စုတွင်းတွေ့ဆုံမှုတွင် တစ်ဂိုးစီသရေကျခဲ့သည်။ MIC အသင်းမှာ အုပ်စုပွဲစဉ်များအဖြစ်ကစားခဲ့ရာတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်သာရရှိထားပြီး ရမှတ်လေးမှတ်ရခဲ့သည်။

MIC အသင်းမှာ ၂၀၁၅ ဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တတိယနေရာလုပွဲတွင် သြစတြေးလျကလပ် East Coast Heart အသင်းကို ၄-၂ဂိုးဖြင့် အနိုင်ရပြီး တတိယရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly